နိုင်ငံ ၉ နိုင်ငံက လူပေါင်း ၁၁၀ ကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအရာရှိ ဗိုလ်ချုပ် Sarut Kwaengsopha မနေ့က ပြောဆိုတာကို ဘန်ကောက်ပို့ သတင်းစာက ဖော်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ထပ် ပြန်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က ကုလ အထွေထွေညီလာခံမှာ မနေ့က ပြောလိုက်တာပါ။
"စစ်အာဏာရှင်စနစ် တည်တန့်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မဖြေရှင်းဘဲနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"လို့လည်း မြန်မာ့အရေး အပြန်အလှန် ဆွေးနွေးမှု အစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသွားပါတယ်။
ရခိုင်ပြည်နယ်က အမ်း ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့ အာရက္ခတပ်တော်ပြောခွင့်ရ က ဗွီ အိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၁၅ ကြိမ် လုပ်ခဲ့ပြီး ၁၂၃၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ ၁၀၂၇ စစ်ဆင်ရေးတုန်းက ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို စစ်တပ်ဘက်က ဒီကနေ့မှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။
အကျဉ်းထောင်တွေထဲ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအပြင် လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေးတွေ အဆိုးဝါးဆုံးချိုးဖောက်ခံရမှုတွေရှိနေပြီး လတ်တလောမှာလည်း ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လုံခြုံရေးအကြောင်းပြပြီး ဧည့်တွေ့ ခွင့်ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ယက်က ပြောပါတယ်။
"ဟားခါးမြို့ထဲမှာ အထက ၂ နေရာဖြစ်တယ်။ ထန်တလန်ဘက်အသွား မြို့အစွန်မှာဖြစ်တယ်။ မနေ့ကတော့ ဟားခါးမြို့အစွန် တောင်ကုန်းတနေရာမှာ သူတို့စခန်းငယ်တခုကို ဝင်စီးနိုင်ခဲ့တယ်။ ၁၅ ယောက်လောက်ပဲ ရှိတယ်။ ၄ ယောက် အရှင်ဖမ်းတယ်ပေါ့။ အဲဒီမှာ ဗိုလ်မှူးတယောက်ပါတယ်။ ၁၀ ယောက်ကတော့ တိုက်ပွဲမှာ ကျသွားတယ်။" (ဆလိုင်းထက်နီ -CNF)
နယ်စပ်ကုန်ပစ္စည်းမှန်သမျှကို တရားမဝင်ကုန်ပစ္စည်းလို့သတ်မှတ်ပြီး ဖမ်းဆီးနေတဲ့အတွက် ပြည်တွင်း မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ ယာဉ်အပိုပစ္စည်းပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အစီအစဉ်သစ်တွေကို UK, EU နဲ့ ကနေဒါနိုင်ငံတွေက ဒီကနေ့ပဲ ပူးတွဲကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် ပြည်နယ်တော်တော်များများမှာ ကြိုတင်မဲပေးနေကြပြီး မဲပေးသူတွေထဲ ပြည်ပရောက် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပြင်၊ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချပြီး အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်