အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်အားလုံး ဆုံးဖြတ်တဲ့ လုပ်ငန်းစဥ်က ရှေ့မရောက်လို့ သက်ဆိုင်တဲ့ နိုင်ငံတချို့နဲ့ ဆုံးဖြတ်ချက်တွေ ပိုထိရောက်အောင် လုပ်ဖို့ လိုနေတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူတဦးက ထောက်ပြလိုက်ပါတယ်။ Lowy Institute က ဒေါက်တာ အဗ္ဗဒူရာမန်ယာကုပ်ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်မယ့် အစီအစဉ်တွေ ချမှတ်သွားမယ့်အကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှုး John Lee က ပါလီမန်မှာ ပြောကြားတဲ့ မူဝဒါဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖေါက်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာ့အရေး အရေးပေါ် အခြေအနေ တင်ပြချက်နဲ့ အဆိုပြုချက်ကို ထိုင်းနိုင်ငံက ထောက်ခံဆွေးနွေးနေပြီး ဒီလို ပါဝင်တာဟာ မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ကြားနေရပ်တည်ချက်ကို ပြောင်းလဲတာ မဟုတ်တဲ့အကြောင်း ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Russ Jalichandra က ပြောဆိုပါတယ်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက နွားထိုးကြီးနဲ့မြင်းခြံအစပ်က ရွာကြီးကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ နေအိမ်ပေါ်ကျပြီး အရပ်သား အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးနဲ့ ကလေးငယ် ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ပုလောဒေသမှာ ဒီသီတင်းပတ်ထဲ ဒေသခံ ၃၀ လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တွေမြို့ပေါ်မှာ သူခိုးဓားမြတွေလည်းပိုများလာနေသလို လူမရှိတဲ့ နေအိမ်တွေ ပျက်စီးခံရတာ ဝင်ရောက်ခိုးယူခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒေသခံတွေမှာ လုံခြုံရေး စိုးရိမ်ရပြီး မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ မြို့ခံမူဆလင်တဦး ကပြော ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လထဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန်ကတည်းက စီစဉ်နေတာ ဖြစ်ကြောင်းလည်း နီးစပ်သူတွေကို ကိုးကားပြီး AFP သတင်းဌာနက ပြောဆိုခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်တံငါသည် ၁၆ ယောက်ကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို အောက်တိုဘာ ၁၄ ရက်က လွှဲပြောင်းပေးခဲ့တယ်လို့ တက်နတ်ဖ် အမှတ် ၂ နယ်ခြားစောင့်တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး Mohammad Mohiuddin Ahmed က ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် အွန်လိုင်းသတင်း (BSS) က ရေးပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂက အာမခံတဲ့ လုံခြုံစိတ်ချရေးဇုံတခုဖန်တီးဖို့နဲ့ ဒီဇုံဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့သူတွေကို အကူအညီပေးဖို့နဲ့ ဖြစ်ပွါးနေတဲ့ လူသားချင်းစာနာ ထောက်ထား ရေး အကြပ်အတည်းကို ကိုင်တွယ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရအကြီးအကဲ Muhammad Yunus က တနင်္လာနေ့က အဆိုပြုလိုက်ပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်ထဲက ဖားဆောင်းမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီ ထူးချောင်း တပ်စခန်းကုန်းကို ကရင်နီ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
မြန်မာအပေါ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အထင်အရှား ရှိနေတယ်လို့ ယူဆတာကြောင့် တရုတ်အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရာမှာ ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်