ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa နဲ့ နှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က X လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်အစိုးရက မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပြီးနောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နယ်စပ်မြို့တွေမှာ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ ရှားပါး၊ ပြတ်လပ်နေကြောင်း ဒေသခံတချို့ကပြောပါတယ်။ တရုတ်ဘက်က စားသောက်ကုန်ကို တနိုင်တပိုင် သယ်ခွင့်ပေးထားကြောင်း ဒေသခံကပြောပါတယ်။
မဲဆောက်ဈေးထဲမှာ တဈေးလုံးနီးပါး မြန်မာကုန်ပစ္စည်းတွေ ရောင်းဝယ်နေကြတာပါ။ " ပစ္စည်းတွေကို သိမ်းတယ် သိမ်းပြီးပြန်ထုတ်တယ်၊ ဘယ်လိုလုပ်ရမလဲ ရဲက ဘယ်နေ့ လာမလဲဆိုတာမသိဘူး၊ လာရင်လည်း ပြေးပေါ့။ အခုက တွေ့ရင်တော့ ပိုင်ရှင်ဆိုရင် ဖမ်းတာပေါ့၊ ဈေးရောင်းတာက တဆိုင်ထဲမှ မဟုတ်တာ။ သိမ်းရင်တေ့ာ တဈေးလုံး သိမ်းရမှာပေါ့။ "
မြန်မာနိုင်ငံအတွင်း အရပ်သားတွေအပေါ် ရက်စက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဆိုးဆိုးဝါးဝါး တိုးလာနေပြီး ကျုးလွန်သူတွေထဲမှာ စစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပိုတိုးလာနေပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေ များလာနေတာပါ။
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် အစပ်မှာရှိတဲ့ ဗန်းမောက်ကျေးရွာနားကနေ စစ်ဘေးလွတ်အောင် ထွက်ပြေးကြတဲ့ ပြည်သူတွေအပေါ် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ကို ဒီနေ့မနက်က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တဦး သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် အထူးဒေသ ၁၊ ချီဖွေမြို့နယ် ဖီမော်ရှိ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁ ကိုလည်း KIA က သိမ်းယူလိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနေပြီး အခြေနေတွေ ဆက်လက်ဆိုးဝါးနေတာဟာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေကို ပိုဆိုးလာစေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ အစီရင်ခံသစ်မှာဖော်ပြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ လက်ကျန် အမာခံစခန်းကြီးတခုလည်းဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ သက်တမ်းရင့် ခေါပုတ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း Aceh ပြည်နယ်ကမ်းခြေမှာ ကလေးငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၉၀ လောက်ကို လူကုန်ကူးတွေ ဒီနေ့ စွန့်ပစ်ခဲ့ပါတယ်။ အနားမှာ အလောင်း ၆ လောင်းကိုလည်းတွေ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ဟိုပန်မြို့မှာ အမျိုးသားတဦးကို လူသတ်မှုနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ Wa News Land သတင်းအေဂျင်စီက ဖော်ပြပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက မကြာသေးခင်ကပဲ ပိတ်လိုက်တာဟာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်