၂၀၂၄ ခုနှစ် အောက်တိုဘာလ နဲ့ နိုဝင်ဘာလအတွင်းမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး တိုင်းဒေသတွေက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ အရှိန်မြင့်လုပ်ဆောင်လာပြီး အရပ်သားနေအိမ်ကို မီးရှို့ဖျက်စီးမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာပါတယ်။
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် စက်သုံးဆီရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မှောင်ခို ဈေးကွက်မှာ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေရသလို တချို့နေရာတွေမှာ စက်သုံးဆီ ပြတ်လပ်တဲ့အထိ ကြုံနေရတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးပဋိက္ခတွေ၊ သဘောဝဘေး နဲ့ စစ်မှုထမ်ဥပဒတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် တတိယ ၃ လပတ် အတွင်း ၃ ဒသမ ၄ သန်းထိတိုးလာတာကြောင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုတွေ ပို လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ ရှေ့နေချုပ် Karim Khan က ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA နဲ့ တိုက်ပွဲအတွင်း ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ တိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်တွေ အခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်လည် စုစည်းနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လက်ပံချောင်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးထိမှန်ပြီး ကလေးတဦးအပါအဝင် ရွာသား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့တုန်းက သေဆုံးမှုတွေအပါအဝင်လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီလထဲမှာ သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီလို့လည်း ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ လေယာဉ်ကွင်းကို မနေ့အင်္ဂါနေ့ KIA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာခံရတာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်နားထားလိုက်ရပါတယ်။
KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တိုက်ပွဲအတွင်း စစ်ရေးနိမ့်လို့ ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို အခုအခါမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က တပ်မ(၉၉)နဲ့ပူးပေါင်းပြီး တပ်ရင်းအဖြစ် ပြန်ပြီး ဖွဲ့စည်းနေတယ်လို့ နီးစပ်သူတချို့က ဗွီအိုအေကို ပြောပါတယ်။
တရားမဲ့ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပြီး၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ဆွေးနွေးညှိုနှိုင်းကြဖို့ကိုလည်း အဲဒီ ထုတ်ပြန်ချက်မှာတောင်းဆိုပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ခြွင်းချက်မရှိ အပြည့်အဝအကောင်အထည်ဖော်ရမယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေး တင်းမာ နေတာကြောင့် ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်ကစပြီး အသွားအလာတွေ ကန့်သတ်ဖို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ကြေညာထားတာပါ။
"အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံနဲ့ မြောက်ပိုင်းဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ပြီး နိုင်ငံတွင်း စစ်ပွဲတွေဖြစ်ပွားတာကို အခိုင်အမာဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေအမြန်ဆုံး ပုံမှန် ပြန်ပြီး အေးဆေးတည်ငြိမ်လာဖို့ မျှော်လင့်ပါတယ်။" (Mao Ning - တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ)
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာ စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို AA အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာတချို့မီးလောင်ပျက်စီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်