ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုမရတဲ့ မြန်မာနိုင်ငံမှာ လူမမြင်ကြတဲ့ ပဋိပက္ခကြီး ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးထူး သံတမန် Tom Andrews က ဖော်ပြပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုနဲ့ ပစ်မှတ်ထား ဖိနှိပ်တွေကြောင့် မိုင်းနဲ့ ပေါက်ကွဲမှုဒဏ်ကြောင့် ခြေလက်အင်္ဂါ ချို့ယွင််ခဲ့ရသူ မသန်စွမ်းတွေဟာ ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်သူတွေက သောကြာနေ့ (နိုဝင်ဘာ ၂၂ ရက်) မှာ ပြောပါတယ်။
မြန်မာ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဒေသတွင်း ဆွေးနွေးပွဲတွေကို “နိုင်ငံရေး အရ လက်တုံ့ပြန်နိုင်ရေး” အသုံးမချဖို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ဒေါက်တာ Ng Eng Hen က ဒီသီတင်းပတ်ထဲမှာ သတိပေးလိုက်ပါတယ်။
မြန်မာမြောက်ပိုင်းအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ မနှစ်ကစလို့ တရုတ်-မြန်မာရဲတပ်ဖွဲ့တွေလက်တွဲပြီး မသင်္ကာသူ တရုတ်နိုင်ငံသား (၅၃,၀၀၀) ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကိုကိုးကားပြီး ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက်က စိတ်ကြွဆေးပြား ၉ သောင်းနီးပါးနဲ့ ICE မူးယစ်ဆေး ၁ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးတဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ရှောင်ပြည်သူ သောင်းဂဏန်းလောက်ရှိနေတဲ့ တနင်္သာရီတိုင်းထဲက တနင်္သာရီမြို့နယ်မှာ စစ် ကောင်စီဘက်က ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ကုန်စည်ပြတ်လပ်လို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ကုလသမဂ္ဂ တတိတယကော်မတီက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဆန်၊ စပါးဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ပြည်တွင်းမှာ ဖူလုံဖို့ သိုလှောင်ရုံတရုံကို ဆန်တန်ချိန် ၂၅တန် - စပါးတင်းရေ ၂,၅၀၀ ထက်ပိုပြီး မသိုလှောင်ရဘူးဆိုတဲ့ကန့်သတ်ချက်ကို စစ်ကောင်စီက ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။
တရုတ်ရဲ့ဖိအားတွေကြားမှာပဲ ဒီလိုစစ်ရေးရလဒ်ကိုတွေ့ရတာ ထူးခြားမှုရှိမယ်လို့ပြောနိုင်ပါတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း တရုတ်အနေနဲ့ KIA ကိုဖိအားပေးမှုရှိပေမဲ့လည်း တခြားမြောက်ပိုင်းအဖွဲ့တွေလောက်တော့ KIA အပေါ်ဖိအားပေးနိုင်တဲ့အနေအထားမရှိဘူးလို့ မြင်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေပိုမိုကျယ်ပြန့်လာနေတာနဲ့အတူ ကလေးငယ်တွေကို အရေးပေါ် ကာကွယ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဘက် စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က အသေအပျောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်