မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေပိုမိုကျယ်ပြန့်လာနေတာနဲ့အတူ ကလေးငယ်တွေကို အရေးပေါ် ကာကွယ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဘက် စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က အသေအပျောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
“ကန်ပိုက်တီ မနေ့ညနေ ၅ နာရီမှာသိမ်းပြီးသွားပြီလေ။ မနေ့ကမနက် ဝင်တိုက်တာ။ ညနေပိုင်း ရသွားတာပေါ့။ လောလောဆယ်က မြို့ကိုက KIA ထိန်းချုပ်လိုက်ပြီပေါ့။ ကန်ပိုက်တီ တမြို့လုံး။ တချို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တရုတ်ပြည်ဘက် ပြေးသွားတယ်ကြားတယ်။ သူတို့ မိသားစုတွေ။ BGF တွေ..." (တရုတ်-ကချင်နယ်စပ် ဒေသခံ)
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့ပေါ်ကို AAဘက်က ထိန်းချုပ်ထားပြီး မြို့ပေါ်မှာပိတ်မိနေတဲ့အရပ်သားတွေကို AA က ကယ်ထုတ်နေကြောင်းနဲ့ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒီရက်ပိုင်း အရပ်သား (၉) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။
ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတချို့မှာ စစ်ကောင်စီဘက်က စက်သုံးဆီခွဲတမ်း ချမပေးတော့ဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီး စိုးရိမ်စိတ်တွေနဲ့ဝယ်ယူစုဆောင်းသူတွေ များပြားလာတဲ့အတွက် စက်သုံးဆီဈေးတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေဘက်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ပူးပေါင်းအဖွဲ့တို့က လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
မန္တလေးတိုင်း အိုးဘိုထောင်မှာ ထောင်ဒဏ် (၁၇) နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအငယ်လေးခေါ် ကိုစိန်လင်းဟာ ကျန်းမာရေးဆိုးရွားလာလို့ ထောင်အပြင်ကိုထုတ်ခွင့်ပြုပြီး အပြင်ဆေးရုံမှာ ဆေးကုသမှုခံယူချိန် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီမှာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် AA တို့ကြား နယ်စပ်ရေးရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု ပိုပြ ီးတော့မှ အားကောင်းလာစေဖို့ရည်ရွယ်ပြီးတော့ တစုံတရာ အပြစ်ပေးအရေးယူတာမလုပ်ပဲ ငါးလာခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်ရေလုပ်သား အယောက်(၂၀)ကို ပြန်လွှတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ စီမံကိန်းတွေကို ကာကွယ်ဖို့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတည်ထောင်မယ့် တရုတ် အစိုးရရဲ့ အဆိုပြုချက် အပေါ် မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှု အဖြစ် မေးခွန်းထုတ်ကြပါတယ်။
လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် ၅၅/၂၀ မှာ ပြောထားတဲ့အတိုင်း လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်သုံးပစ္စည်းတွေ၊ တိုက်လေယာဥ်ဆီ၊ ထောက်လှမ်းရေး ပစ္စည်းတွေနဲ့ နည်းပညာတွေ ကို မလွှဲပြောင်း မရောင်းချကြဖို့ အီးယူ က တိုက်တွန်းလိုက်ပါတယ်။
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်နိုင်ငံကဦးစီးပြီးတော့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ဒေသစံတော်ချိန် ဒီကနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ် အထူးဒေသ ၁ နယ်မြေမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီမြို့ကို ဒီကနေ့ အစောပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်