အိန္ဒိယနိုင်ငံမှာ ဒီကနေ့ စပြီး ၃ ရက်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများညီလာခံမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားလာတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထားဆွေးနွေးကြဖို့ ရှိနေပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ ၃ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက် ၄ နာရီကျော်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် နဒီမြို့နယ်က ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံလမ်းမကြီး ကွန်ကရစ်တိုင်ပြိုကျခဲ့တာကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော်အထိ ဒဏ်ရာအပြင်းထန်ရခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ ဖလမ်း မြို့ကနေ မိုင် ၂၀ လောက်ကွာတဲ့ လုမ်သဲရွာကျန်းမာရေးဌာန ဆေးပေးခန်းကို စစ်ကောင်စီကထပ်ပြီးတော့ ဗုံးကြဲတယ်၊ အဲဒီမှာ ကျန်းမာရေးဝန်ထမ်းနှစ်ယောက်ရယ်၊ ဆေးကုသမှုခံယူနေတဲ့ အရပ်သားပြည်သူငါးယောက်ပေါ့နော်၊ အားလုံး စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တာပေါ့နော်။" (ကိုရောဘတ်-ခေါ်နူးသုမ်သတင်းအယ်ဒီတာ)
လွိုင်ကော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ခလရ ၈၀ တပ်ရင်း တခုလုံးကို တော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း တိုက်ပွဲနဲ့ မဆိုင်တဲ့ ဖယ်ခုံ မြို့နယ် ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် လသား အရွယ် ကလေးငယ် တဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အသစ်ဖွဲ့လိုက်တဲ့ အဖွဲ့ဝင် ၂၅ ဦးမှာ စစ်တပ်နဲ့ ဆက်နွယ်သူတွေ၊ စစ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေပါဝင်တာမို့ စစ်ကောင်စီ အကျိုးစီးပွားကို အလေးပေးလာမလားဆိုပြီး ပြည်တွင်း ပြည်ပ မီဒီယာ သမားတွေက စိုးရိမ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေကျေထိခိုက်တာတွေနဲ့ အရပ်ဘက်အဆောက်အဦးတွေ ပျက်စီး ကုန်ကြောင်း အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲနဲ့ တောင်ကုတ် မြို့နယ်တွေမှာ ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘ကချင်အထူးဒေသ (၁) ကို ခွဲခြားသတ်မှတ်အုပ်ချုပ်တာကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးမှုကို ထိခိုက်စေကြောင်းနဲ့ ကချင်ဒေသရှိတိုင်းရင်းသားတွေစိတ်ဝမ်းကွဲမှုမရှိဘဲ တန်းတူနေထိုင်နိုင်ဖို့ အထူးဒေသ (၁) နယ်မြေကိုရယူခဲ့ကြောင်းနဲ့ ယနေ့မှစပြီး ကချင်အထူးဒေသ (၁) သတ်မှတ်ချက်မရှိတော့ကြောင်း‘ KIA ကကြေညာချက်ထုတ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုပေမဲ့ “ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"အထည်ချုပ်က အလုပ်သမားတွေကို ပွဲစားခရရင် ပြီးရောဆိုပြီး ခေါ်တာကိုး။ ဒီမှာ သိန်းနဲ့ချီ ပြီး ဒုက္ခရောက်နေတယ်။ ဒါကတော့ ကျနော်တို့ မျက်မြင်ပေါ့နော်၊ လုပ်ငန်းလိုအပ်တာတော့သိတယ်။ ဒါပေမဲ့ ပွဲစားတွေကိုယုံမှားပြီးတော့ လာပြီး လုပ်မှာကိုင်မှာကို ကျနော်က စိုးရိမ်တာ။" (မူဆယ် လဝကနဲ့နီးစပ်သူတဦး)
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့ က ထိုင်းမြောက်ပိုင်း ချင်းမိုင် အခြေစိုက် အွန်လိုင်းလိမ်လည်ဂိုဏ်း Call Center ဂိုဏ်းနေရာ ၁၁ နေရာ ကို ဒီရက်ပိုင်းအတွင်းဆက်တိုက် စီးနင်းရှာဖွေဖမ်းဆီးခဲ့ရာမှာ မြန်မာ ၈ဦး ထိုင်းတစ်ဦး တရုတ် နိင်ငံသား၅ဦးအပါအဝင်စုစုပေါင်း၁၄ဦး ကို ဖမ်းမိခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့လျှောက်ထားချက် ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း အာဂျင်တီနားလူ့အခွင့်အရေးရှေ့နေ Tomas Quintana က ဗွီအိုအေကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်