ရှမ်းပြည်နယ်၊ လားရှိုးမြို့ကနေ ဆုတ်ခွာဖို့ ငြင်းဆန်နေတဲ့ MNDAA ကိုးကန့်တပ်ရဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ နယ်ခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ အလွန်အကျွံများလာပြီး သဘာဝပတ်ဝန်းကျင်က ဆိုးဆိုးရွားရွား ပျက်စီးလာနေပြီလို့ ကချင်အရပ်ဘက် အဖွဲ့တွေက သတိပေးလာပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိခင်နဲ့ လသားအရွယ် ကလေးတဦး၊ သက်ကြီးရွယ်အိုတဦး စုစုပေါင်း ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတား(၂)ကို ဖြတ်ပြီး ထိုင်းဘက်ကို ပြန်လာတဲ့ ထိုင်းကုန်ကားတစီးအောက် သစ်သားအံဝှက်ထဲမှာ ပုန်းပြီးလိုက်လာတဲ့မြန်မာ ၈ဦးနဲ့ ၊ တာ့ခ် ခရိုင် ဖွတ်ဖရမြို့နယ်ကနေ မလေးရှားထိသွားကြမယ့် မြန်မာ၁၈ဦး စုစုပေါင်း ၂၆ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး အဖြစ် အဆိုပြုထားတဲ့ မာကိုရူဘီယိုဟာ မြန်မာ့အရေးကိုလည်း သိသူ ဖြစ်လို့ မြန်မာအရေး လှုံဆော်နေကြသူတွေကတော့ ဒီ ရွေးချယ်မှုကို ကြိုဆိုလိုက်ပေမယ့် ထရမ့် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒါကိုတော့ မေးခွန်းထုတ်ကြပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။
တရုတ်အစိုးရက မြန်မာ့အရေး ထဲထဲဝင်ဝင် စွက်ဖက်နေတဲ့အပေါ်မှာ နိုင်ငံတကာလှုပ်ရှားမှုကြီး ဖော်ဆောင်ကာ တုံ့ပြန်သွားရေး မဟာဗျူဟာတရပ် ချမှတ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ ခင်မောင်စိုးမင်းက သတင်းပေးပို့ ထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ရဲ့ အခု သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရသစ်အဖြစ် တာဝန် ထမ်းဆောင်ရတော့မယ့် ရွေးချယ်ခံ သမ္မတသစ် ဒေါ်နယ်ထရန့် အစိုးရကို ဘယ်လို ချည်းကပ်ဖို့ ဆောင်ရွက်သင့်သလဲ ဆိုတာကို ပြောဆိုကြပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက ကုန်းလောရွာအပေါ် စစ်တပ်က နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲခဲ့မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ အသုဘအခမ်းအနားကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇၀ ကို နိုင်ငံတောင်ပိုင်းက ကျွန်းတခုပေါ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ထိန်းသိမ်းခံရသူတွေထဲ ကလေးငယ် ၃၀ လည်း ပါဝင်တယ်လို့ ပြောပါတယ်။
သာမန်ထက် ပိုပြီး ထူးခြား ကြီးမား တောက်ပတဲ့ Supermoon လဝန်းကြီးကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းမှာ နိုဝင်ဘာလ ၁၅ ရက် သောကြာနေ့ ညက တွေ့မြင်ခဲ့ကြရပြီး ဒီနှစ်အတွက် နောက်ဆုံးအကြိမ်မြင်ရတဲ့ supermoon ပဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာကို ဒီကနေ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဘုရားကျောင်းအတွင်းကျရောက်ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံးလူ ၈ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတဦးက VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်