မြန်မာနိုင်ငံတဝှမ်း စစ်ပွဲတွေကြားမှာ တော်လှန်ရေး တပ်မှူးတွေ၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆိုက်ဘာမှုခင်းကျူးလွန်သူတွေဟာ အမေရိကန်ဘီလျံနာသူဌေး အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုတွေကို အားကိုးလာကြပါတယ်။
ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေသလို မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မြေပြင်ရော ဝေဟင်ကပါတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညကလည်း ကောင်လေးနှစ်ယောက်ကို ဆွဲခေါ်သွားတယ်။ ညဆိုရင် အတတ်နိုင်ဆုံး အပြင်ကိုမထွက်တာတော့ အကောင်းဆုံးပေါ့နော်။ တွေ့ရင် သူတို့က စစ်ဆေးမေးမြန်း တယ်။ မသင်္ကာရင် ဆွဲခေါ်သွားတယ်။ လူကြီးပိုင်းတွေကိုတော့ သူတို့က သိပ်အရေးမယူဘူး။ လူငယ်တွေ လူလတ်ပိုင်းတွေကို အဓိက စစ်ဆေးမေးမြန်းတာပေါ့။" (ကျောက်ဖြူဒေသခံ)”
တရုတ်နိုင်ငံမှာထိန်းသိမ်းခံထားရတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင်ဟာ ကူမင်းမြို့မှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခု နာလန်ထူလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရှမ်းမြောက်က တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးထားတဲ့ မြို့နယ်တွေနဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှန်သမျှကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြတ်တောက်ပိတ်ဆို့လာပါတယ်။
ရွှေဝါရောင်ဆရာတော် နတ်ဇော လို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ နိုဝင်ဘာလ (၁၃)ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရတယ်လို့ ဆရာတော်နဲ့နီးစပ်တဲ့သံဃာတော်တွေက ဗွီအိုအေကို အတည်ပြုပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တရုတ်နိုင်ငံမှာ ခြောက်လ အထိ နေထိုင်နိုင်မဲ့ “လန်ချန်း-မဲခေါင် ဗီဇာ”ကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး ထုတ်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာထားပါတယ်။ တရုတ်နိုင်ငံကို အကြိမ်ကြိမ် ဝင်ရောက်နိုင်မယ့်ဗီဇာမျိုးလည်း ဖြစ်ပါတယ်။
ပုလဲမြို့ပေါ်မှာ တိုက်ပွဲတွေ ရပ်တန့်သွားပြီဆိုပေမယ့်၊ နေအိမ်မီးရှို့ခံရတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေသူတွေမှာလည်း ရက်သီတင်းပတ်ကြာလာတာနဲ့အမျှ စားဝတ်နေရေးခက်ခဲလာကြပါတယ်။
ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျုဟာလမ်းပိုင်းကို စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက် မနက် ၇ နာရီခွဲ အချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ကနေ ဆုတ်ခွာဖို့ ငြင်းဆန်နေတဲ့ MNDAA ကိုးကန့်တပ်ရဲ့ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ နယ်ခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ အလွန်အကျွံများလာပြီး သဘာဝပတ်ဝန်းကျင်က ဆိုးဆိုးရွားရွား ပျက်စီးလာနေပြီလို့ ကချင်အရပ်ဘက် အဖွဲ့တွေက သတိပေးလာပါတယ်။
နောက်ထပ်ကြည့်ရှုရန်