စစ်ကိုင်းတိုင်းအတွင်း ကထိန်ပွဲတွေကျင်းပတဲ့ နယ်မြေတချို့မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါ တယ်။
ထိုင်းနိုင်ငံ Surat Thani မှာ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကုန်ကားကို ထရပ်ကား တစီးနဲ့ တိုက်မိရာက မြန်မာ အလုပ်သမား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ကြောင်း နိုဝင်ဘာ ၆ ရက် ထုတ် ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ အိန္ဒိယ အင်ဒိုနီးရှားနဲ၊ လာအို၊ ဇင်ဘာဘွေ စတဲ့ နိုင်ငံတွေနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဘက်ပေါင်းစုံ၊ နှစ်ဖက် အကျိုးစီးပွားနဲ့ စစ်မှန်တဲ့ဆက်ဆံရေး ဖြစ်သလို အပြန်အလှန်လေးစားမှုနဲ့ အချုပ်အခြာပိုင် အကျိုးစီးပွားတွေကို အခြေခံတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာ ကထိန်ပွဲကျင်းပပြီးချိန် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာမှာလည်း ကထိန်အလှူလုပ်ဖို့ ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အင်းလေးဒေသမှာ ရေဘေးသင့်ခဲ့တဲ့ နေရာတွေထဲက တချို့ရွာတွေမှာ လေပြင်းဒဏ်ကို ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထပ်ပြီးကြုံခဲ့ရပါတယ်။ လေပြင်းတိုက်ခိုက်လို့ နေအိမ်အလုံး ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပြီး၊ အိမ်ခြေ ၃ လုံးကတော့ လုံးဝပြိုကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက မြန်မာစစ်ကောင်စီတပ်ဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA/PDF ပူပေါင်းတပ်တွေက အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား ၁၇ ဦးဖမ်းမိတယ်လို့ KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဇီးပေါက်ရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနေ့က ကန်ဖန်ကိုနောက်ဆုံးထိုးစစ်ဆင်တာ။ ဖီမော်၊ ဂေါ်လန်ဘက်က ပြည်သူ့စစ်၊ BGF တွေကတော့ ကန်ဖန်ဘက်မှာ ထွက်ပြေးပြီး စုရုံးနေတယ်လို့ သတင်းရပါတယ်။ ။ ကျနော်တို့ တပ်ပေါင်းစုတွေ ထိုးစစ်ဆင်လာတဲ့အခါမှာတော့ တချို့ ထွက်ပြေးကြတယ်။ တချို့ကတော့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားတယ်တဲ့။" (ဗိုလ်မှူးကြီးနော်ဘူ/KIA)
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး LDC လို့ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ၄၅ နိုင်ငံမှာ ကာဗွန်ဈေးကွက် ခေါ် ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ကုလ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) က မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာနေတာနဲ့အမျှ အဓိက ဝင်ငွေရတဲ့ လုပ်ငန်းတခုဖြစ်တဲ့ မြေရှားသတ္ထု တူးဖော်မှုတွေမှာလည်း ထိခိုက်လာနေပါတယ်။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်သွားပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို တရားဝင်လူသိရှင်ကြားသွားရောက်တဲ့ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်