ကချင်ပြည်နယ် အထူးဒေသ ၁ နယ်မြေမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီမြို့ကို ဒီကနေ့ အစောပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနှစ် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း မြေမြှုပ်မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူအများဆုံးဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေး အဖွဲ့ - ICBL က ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။
AAPP စာရင်းတွေအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စုစုပေါင်း အမျိုးသား (၁၁) ဦးကို နွေဦးတော်လှန်ရေးနဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ခဲ့တယ်လို့ ပြောပါတယ်။ ဒီစာရင်းထဲမှာ ပဲခူးတိုင်းဘက်က အများဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်၊ဘန်လန်မြို့နယ်မှာ မနေ့နှောင်းပိုင်း ရဲတပ်ဖွဲ့ကစစ်ဆေးဖို့တားဆီးစဉ် မောင်းပြေးခဲ့တဲ့ကားတစင်း လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိရာက ကားပေါ်မှာပါလာတဲ့ မြန်မာ ၇ ဦး သေဆုံးသွားပါတယ်။
စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းနဲ့ မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ရေး လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ အပြင်းအထန် ထိုးစစ်ဆင်နေပြီး ဒီသီတင်းပတ်ထဲမှာပဲ လအိကျေးရွာ ဘန်ကောက်စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့ မှာ ဖမ်းဆီးထားတဲ့ ကျားဖြန့်ခေါ် အွန်လိုင်း ငွေကြေးလိမ်လည်သူ ၁၀၀၀ ကျော်ထဲက တရုတ်နိုင်ငံ သား ၇၆၀ကျော်ကို တရုတ်နိုင်ငံကို ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ UWSA တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပြင်းထန်နေတာ ၁၁ ရက်ရှိလာပါပြီ။ တိုက်ပွဲကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေပြီး၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာနဲ့ နေအိမ်မီးရှို့တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်း စစ်ပွဲတွေကြားမှာ တော်လှန်ရေး တပ်မှူးတွေ၊ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆိုက်ဘာမှုခင်းကျူးလွန်သူတွေဟာ အမေရိကန်ဘီလျံနာသူဌေး အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုတွေကို အားကိုးလာကြပါတယ်။
ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေသလို မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မြေပြင်ရော ဝေဟင်ကပါတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညကလည်း ကောင်လေးနှစ်ယောက်ကို ဆွဲခေါ်သွားတယ်။ ညဆိုရင် အတတ်နိုင်ဆုံး အပြင်ကိုမထွက်တာတော့ အကောင်းဆုံးပေါ့နော်။ တွေ့ရင် သူတို့က စစ်ဆေးမေးမြန်း တယ်။ မသင်္ကာရင် ဆွဲခေါ်သွားတယ်။ လူကြီးပိုင်းတွေကိုတော့ သူတို့က သိပ်အရေးမယူဘူး။ လူငယ်တွေ လူလတ်ပိုင်းတွေကို အဓိက စစ်ဆေးမေးမြန်းတာပေါ့။" (ကျောက်ဖြူဒေသခံ)”
တရုတ်နိုင်ငံမှာထိန်းသိမ်းခံထားရတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင်ဟာ ကူမင်းမြို့မှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခု နာလန်ထူလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရှမ်းမြောက်က တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးထားတဲ့ မြို့နယ်တွေနဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှန်သမျှကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြတ်တောက်ပိတ်ဆို့လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်