ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ် ဗန်းမောက်ကျေးရွာကနေ စစ်ဘေးလွတ်ရာ ထွက်ပြေးလာသူတွေပါတဲ့ယာဉ်တစင်းကို ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်း ဒရုန်းထိမှန်ရာက ၈ နှစ်ကလေး ၁ ဦး အပါ အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးက VOA ကို ပြောပါတယ်။ တိုက
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ရခိုင်ပြည်နယ်က အမ်း၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ် တွေမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ် ကိုတော့ ဒီလဆန်းပိုင်းမှာပဲ AAဘက်က စစ်မျက်နှာထပ်ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားမယ့် တရုတ်ပြည်ခရီးစဉ်ဟာ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်မယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံခေါင်းဆောင်တွေနဲ့အတူ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ဥက္ကဋ္ဌတို့ ထိပ်သီးအစည်းအဝေးတက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုဖိတ်ထားကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ဒီကနေ့ ပေကျင်းမြို့တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံဘက်က မြေရှားသတ္တုတူးဖေါ်ခွင့်ပိတ်ပင်ထားပြီး နောက်ထပ် ကုန်ကြမ်းတွေ မတင်ပို့နိုင်တဲ့အတွက် ကမ္ဘာ့မြေရှားသတ္တု ဈေးတက်သွားနိုင်တဲ့အကြောင်း လုပ်ငန်းရှင်တွေ ခန့်မှန်းထားတာကို Global Times သတင်းစာမှာ ရေးပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က ဗန်းမောက်ကျေးရွာကနေ ဘေးလွတ်ရာကို ထွက်ပြေးလာတဲ့ စစ်ရှောင် ထော်လာဂျီကို စစ်ကောင်စီဒရုန်းဗုံးနဲ့တိုက်ခိုက်မှုမှာ ၈ နှစ်အရွယ်ကလေးငယ် ၁ဦး အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးက VOA ကို ပြောပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ပထမဆုံးတရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်သလို တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မဲခေါင်ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်မယ်လို့ စစ်ကောင်စီဘက်က ဒီကနေ့ ရက်စွဲနဲ့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Sawan Province နကွန်စဝမ်ခရိုင်၊ နောင်သောင်မြို့နယ်၊ အမှတ် (၁၁၇) အမြန်လမ်း မပေါ်မှာ မသင်္ကာဖွယ် ကားသုံးစီးထဲကနေ လူကုန်ကူးသမားတွေသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား (၃၈) ဦးကို Highway Police Division အမြန်လမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒအပါအဝင် တခြားသဘောတူညီချက်တွေကြောင့် ဖြစ်နေရတဲ့ အခြေအနေ အကျိုးဆက်တွေနဲ့ အာဆီယံရဲ့ ရပ်တည်မှုကို ထုတ်ဖေါ်ထင်ဟပ်ပြသထားတဲ့ အကြောင်းအရာကို အဓိကထား ရေးဆွဲထားကြတဲ့ ကာတွန်းနဲ့ ရုပ်ပြပြိုင်ပွဲနဲ့ ပြပွဲကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ၃ ယောက် ထရပ်ကားထဲမှာ အသက်ရှုကြပ် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး လူကုန်ကူးသူလို့ သံသယရှိသူ ၃ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က စနေနေ့က ပြောပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ သတင်းသမားတွေကို သတ်ဖြတ်သူတွေ တာဝန်ခံ တာဝန်ယူမှု ရှိအောင် လုပ်ဖို့ ခက်ခဲစေ ကြောင်းနဲ့ အထူးသဖြင့် မြန်မာ၊ ယူကရိန်းနဲ့ အစ္စရေး မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သတင်းထောက်တွေကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်