မြန်မာမြောက်ပိုင်းအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ မနှစ်ကစလို့ တရုတ်-မြန်မာရဲတပ်ဖွဲ့တွေလက်တွဲပြီး မသင်္ကာသူ တရုတ်နိုင်ငံသား (၅၃,၀၀၀) ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကိုကိုးကားပြီး ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက်က စိတ်ကြွဆေးပြား ၉ သောင်းနီးပါးနဲ့ ICE မူးယစ်ဆေး ၁ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးတဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ရှောင်ပြည်သူ သောင်းဂဏန်းလောက်ရှိနေတဲ့ တနင်္သာရီတိုင်းထဲက တနင်္သာရီမြို့နယ်မှာ စစ် ကောင်စီဘက်က ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ကုန်စည်ပြတ်လပ်လို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ကုလသမဂ္ဂ တတိတယကော်မတီက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဆန်၊ စပါးဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ပြည်တွင်းမှာ ဖူလုံဖို့ သိုလှောင်ရုံတရုံကို ဆန်တန်ချိန် ၂၅တန် - စပါးတင်းရေ ၂,၅၀၀ ထက်ပိုပြီး မသိုလှောင်ရဘူးဆိုတဲ့ကန့်သတ်ချက်ကို စစ်ကောင်စီက ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန်ဘောမြို့နယ်ထဲမှာ ထိုင်းနိုင်ငံက ကျန်းမာရေးအရ တားမြစ်ထားတဲ့ E-cigarettes အီးစီးကရက် ထုတ်လုပ်နေတဲ့လုပ်ငန်းခွင်တခုကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းရာ မြန်မာအမျိုးသမီး ၂၀ကျော်ဖမ်းဆီးခံရပါတယ်။
တရုတ်ရဲ့ဖိအားတွေကြားမှာပဲ ဒီလိုစစ်ရေးရလဒ်ကိုတွေ့ရတာ ထူးခြားမှုရှိမယ်လို့ပြောနိုင်ပါတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း တရုတ်အနေနဲ့ KIA ကိုဖိအားပေးမှုရှိပေမဲ့လည်း တခြားမြောက်ပိုင်းအဖွဲ့တွေလောက်တော့ KIA အပေါ်ဖိအားပေးနိုင်တဲ့အနေအထားမရှိဘူးလို့ မြင်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေပိုမိုကျယ်ပြန့်လာနေတာနဲ့အတူ ကလေးငယ်တွေကို အရေးပေါ် ကာကွယ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဘက် စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က အသေအပျောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
“ကန်ပိုက်တီ မနေ့ညနေ ၅ နာရီမှာသိမ်းပြီးသွားပြီလေ။ မနေ့ကမနက် ဝင်တိုက်တာ။ ညနေပိုင်း ရသွားတာပေါ့။ လောလောဆယ်က မြို့ကိုက KIA ထိန်းချုပ်လိုက်ပြီပေါ့။ ကန်ပိုက်တီ တမြို့လုံး။ တချို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တရုတ်ပြည်ဘက် ပြေးသွားတယ်ကြားတယ်။ သူတို့ မိသားစုတွေ။ BGF တွေ..." (တရုတ်-ကချင်နယ်စပ် ဒေသခံ)
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့ပေါ်ကို AAဘက်က ထိန်းချုပ်ထားပြီး မြို့ပေါ်မှာပိတ်မိနေတဲ့အရပ်သားတွေကို AA က ကယ်ထုတ်နေကြောင်းနဲ့ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒီရက်ပိုင်း အရပ်သား (၉) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။
ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတချို့မှာ စစ်ကောင်စီဘက်က စက်သုံးဆီခွဲတမ်း ချမပေးတော့ဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီး စိုးရိမ်စိတ်တွေနဲ့ဝယ်ယူစုဆောင်းသူတွေ များပြားလာတဲ့အတွက် စက်သုံးဆီဈေးတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်