မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် မဆင်မခြင်တိုက်ခိုက်နေတာတွေကို ဟန့်တားဖို့ စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီနဲ့ စစ်လက်နက် ထောက်ပံ့တာတွေ ရပ်ဆိုင်းရေး ကုလသမဂ္ဂ လုံခြု့ရေးကောင်စီအနေနဲ့ ပိတ်ဆို့အရေးယူဖို့ လူ့အခွင့်အရေး အဖွဲ့ အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီရက်ပိုင်းထဲ တရုတ်နဲ့ ထိုင်းနယ်စပ် နှစ်ဘက်စလုံးမှာ မြန်မာနိုင်ငံကိုပို့မယ့် အခွန်မဆောင်ထားတဲ့ သွင်းကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေလို့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ရှားပါး၊ ပြတ်လပ်နေပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တော်တို့ကြားဖြစ်ပွားတဲ့ စစ်ပွဲတွေကြားမှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အကြီးမားဆုံး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်လို့ ၆ ဦး သေဆုံးပြီး တဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
အိန္ဒိယထဲ ဝင်ရောက်သွားတဲ့ အင်းအားပြင်း ဆိုင်ကလုန်းမုန်တိုင်း “DANA” ရဲ့ မုန်တိုင်းအရှိန်က မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းနေရာတွေကိုသက်ရောက်နိုင်ပြီး မိုးများရေကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးက ဗွီအိုအေကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း (၃) နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံက သတင်းဌာနတွေ သတင်းသမားတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို မြန်မာ့သတင်း မီဒီယာလွတ်လပ်ခွင့်ကို ဆန်းစစ်ခြင်းဆိုတဲ့ သုတေသနစာတမ်းကနေ ထုတ်ဖော်ပြောကြားလိုက်ကြပါတယ်။
ထိုင်း-ကရင်နီနယ်စပ်နဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ် တိုက်လေယာဉ်တွေနဲ့ ဒရုန်းထောက်လှမ်းမှုတွေ ခပ်စိပ်စိပ်စေလွှတ် ထောက်လှမ်းလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
ကောလင်းမြို့နယ်အတွင်းမှာ စက်တင်ဘာ လကုန်ပိုင်းကနေ အခုအချိန်ထိ ၅ ကြိမ်ထက်နည်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မ ၅၀ည ပုဒ်မ ၅၂ တို့နဲ့ အဖမ်းဆီးခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွားကြောင်း ဖေါ်ပြထားတာပါ။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။အောက်တိုဘာလ ၂၃ရက်နေ့ ဒီကနေ့မှာတော့ အမ်းမြို့ပေါ်က စစ်ကောင်စီ စရဖတပ်ကို AA အာရက္ခတပ်တော် ဘက်က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“လူနာအများစုဟာ အားအင်ချိနဲ့နေကြပြီး၊ နှာဆေး၊ ချောင်းဆိုး၊ အဖျားမိနေကြပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အခြေအနေကိုလည်း စစ်ဆေးပေးနေရပါတယ်။” လို့ ဒေသခံ Labuhan Haji ဆေးရုံက ဆရာဝန် Dr. Muhammad Iqram က AP သတင်းဌာနကို ပြောခဲ့တာပါ။
ကချင်ပြည်နယ်နဲ့ဆက်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါင်း လေးခုထက်မနည်းကို တရုတ်က လုံခြုံရေးအကြောင်းပြုပြီး ပိတ်ပစ်လိုက်တဲ့နောက် မြစ်ကြီးနားအပါအဝင် နယ်စပ်မြို့တချို့မှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်