ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ရိုဟင်ဂျာတွေကို ကျောခိုင်းလို့ မဖြစ်နိုင်ကြောင်း ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ Dr. Yunus ကပြောခဲ့တာပါ။
မကြာသေးခင်က ရေဘေးဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ နောက်ထပ် မိုးများရေကြီးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ နေရာတော်တော်များများမှာ မိုးများနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် နောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှု အန္တရာယ်တွေ သတိထားဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံပဋိပက္ခမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာရေးကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံသလို မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ပြောဆိုတာကို ဘန်ကောက်ပို့ သတင်းစာမှာ ရေးသားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ သြစတြေးလျနိုင်ငံကို သီတင်း ၁ ပတ်ကျော်ကြာ သွားရောက်မယ်လို့ ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရှိရာ နေရာကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် အရှေ့ခြမ်းက ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်နေပြီး၊ နယ်မြေတချို့ကို ထိန်းချုပ်နိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ကပြောပါတယ်။ စစ်ရေးပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ရာဇဝတ်လုပ်ငန်းတွေကို ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းနှိမ်နင်းမှုရဲ့ ရလဒ်အဖြစ် ပြောဆိုခဲ့ပေမဲ့ လွှဲပြောင်းပေးသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ခုခံတော်လှန်ရေးအဖွဲ့တွေ နဲ့ အရပ်ဘက်အဖွဲ့တွေကတဆင့် မြန်မာနိုင်ငံကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အဲဒီလိုပေးနိုင်အောင် မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေက သူတို့ နယ်စပ်တွေကိုဖွင့်ပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က တိုက်တွန်းလိုက်ပါတယ်။
“မိုင်းရှာဖွေရေးက ရပ်ကျေးပကဖတွေ အဖွဲ့တွေက ဖြစ်တဲ့နည်းနဲ့ပေါ့ဗျာ၊ ဓားချွန်လေးတွေနဲ့ ရတဲ့နည်းလမ်းလေးတွေနဲ့ပဲ ရှာနေကြရတာပေါ့ဗျာ။ ဟိုလိုကြီး အစုအရုံးလိုက်ရှာနိုင်တဲ့ အနေအထားတော့ မရှိသေးဘူး။ ကျနော်တို့ဘက်မှာက မိုင်းရှာစက်တွေဘာတွေဆိုတာလည်း မရှိဘူး။ အကူအညီကတော့ တောင်းထားတာပေါ့ဗျာ။" (K2- မြေပြင်ရဲဘော်)
အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူတွေလို့ သံသယရှိသူ တရုတ်နိုင်ငံသား ၂၀ ကို မြန်မာနိုင်ငံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ လူ ၁ ဒသမ ၁ သန်း ဝန်းကျင် ရေလွှမ်းမိုးတဲ့ဒဏ် ခံခဲ့ရတယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက် အထိ စာရင်းတွေ အရ လူ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ လူ ၁ ဒသမ ၁ သန်း ဝန်းကျင် ရေလွှမ်းမိုးတဲ့ဒဏ် ခံခဲ့ရတယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်