မြန်မာနိုင်ငံထဲမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အဓမ္မ ဖမ်းဆီး ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသား ၂၀ ကို နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ သီရိလင်္ကာသံရုံးက ဒီနေ့ သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။
ပျက်ကွက်မယ်ဆိုရင် ပြည်ပထွက်ခွင့် ကာလအကန့်အသတ်နဲ့ ပိတ်တာ၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်မပေးတာ၊ နိုင်ငံကူးလက်မှတ် (passport) သက်တမ်း တိုးမပေးတာတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ကို ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့ည ၉ နာရီကျော်လောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၅ ဦးအပါအဝင် လူ ၈ ဦးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေအများအပြားရှိတယ်လို့သိရပါတယ်။
ကရင်နီပြည် ဒီးမော့ဆိုမြို့အနီး နန်းမယ်ခုံမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သား တဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကတော့ ဒေသခံပြည်သူတွေကို အကူအညီပေးဖို့ ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေက နယ်မြေရှင်း စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ ရွာက နေအိမ်တွေ ၄ ရက်ဆက်တိုက် မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်။
စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းတဲ့ အခမ်းအနားကို SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ဒီနေ့ (စက်တင်ဘာ ၅ ရက်) မနက်ခင်းက ကျင်းပခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ ဒေသခံ စစ်ဘေးရှောင်အများအပြား အရေပြားရောဂါ အဖြစ်များလာကြတယ်လို့ ဒေသတွင်းမှာ ကုသပေးနေတဲ့ ဆရာဝန်နဲ့ ဒေသခံတွေက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် အရေပြားရောဂါအတွက် ကုသဖို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ နောက်တိုး ရိုဟင်ဂျာတွေကို နေရာထိုင်ခင်း မပေးနိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုလည်းမရ၊ စားသောက်ဖို့တောင် အခက်ကြုံနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
စက်တင်ဘာ ၄ ရက် မနေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ၁၂၀ မမ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်ရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံ တာချီလိတ်ကပို့လာတဲ့ ကာလတန်ဖိုးဘတ်ငွေ သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့စိတ်ကြွဆေး ပြား (၆) သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ သိမ်းယူထားတဲ့ဒေသတွေမှာ တန်ပြန်ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၃ ရက်နေ့မှာပြောခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်