စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ၃ ရက်နဲ့ စက်တင်ဘာလ (၄)ရက်နေ့တို့မှာ သွားရောက်ခဲ့တဲ့ ကရင်နီပြည်နယ် (လွိုင်ကော်)၊ ရှမ်းပြည်နယ် (တောင်ကြီး) ခရီးစဉ်တွေအတွင်းမှာ ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာခဲ့ပါတယ်။
ဒေသတွင်းအင်အားကြီးတရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ စစ်ရေးပဋိပက္ခတွေကြား မြန်မာနိုင်ငံအတွက် ပင်လုံစာချုပ်အခြေခံပြည်ထောင်စု စနစ်နဲ့တင်မက ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ် ပေါင်းစပ်ပုံစံ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းပညာရှင်တဦး သုံးသပ်ပါတယ်။ သုတေသီဒေါက်တာ Dulyapak Preecharush ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာ မြန်မာစစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနေပြီး အရပ်သားတွေ သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရာတွေလည်း တိုးလာနေပါတယ်။
အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီလဆန်းက ရေဘေးသင့်ခဲ့ရာက လမ်းပမ်းဆက်သွယ်ရေးတွေ ပျက်စီးခဲ့ပြီး၊ ကုန်စည်စီးဆင်းမှုမှာလည်း ထိခိုက်နေပါတယ်။ ရေဘေးဒဏ် လျော့ပါးသွားပေမဲ့ ထိခိုက်ပျက်စီးမှုတွေကြောင့် သယ်ယူပို့ဆောင်မှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ ပုံမှန်ပြန်မဖြစ်သေးဘူးလို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အတွက် လေယာဉ်ဆီ တင်ပို့မှုတွေကို တားမြစ်ဖို့ တောင်းဆိုသံတွေလည်း တိုးလာနေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေတယ်လို့လည်း KIA က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့တခြားဒေသက လူမှုအသိုက်အဝန်းတွေအတွက် အကူအညီသစ် ဒေါ်လာ ၁၁၉ သန်းနီးပါး ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူတွေဆင်းရဲဒုက္ခတွင်းထဲ ကျနေတယ်၊ တိုင်းပြည်တလွှား လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အမျှ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေသုံးလာပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ အများအပြားရှိလာတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလလက်ထောက်မဟာမင်းကြီး Nada Al-Nashif က ပြောပါတယ်။
“၁၂ သိန်းထက်အထက်ရှိနေပြီခင်ဗျ။ တိုးလာတယ်။ အဓိကတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ နောက်တခါ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက တခါမှမရပ်ကြတော့ ပြည်သူလူထုက သူတို့ရဲ့ နယ်မြေအနေအထားတည်ငြိမ်မှုမရှိတဲ့အပေါ်မှာ ပြေးလိုက်လွှားလိုက်နဲ့ အမြဲတမ်းရှိနေတာပေါ့။” (စောနန္ဒဆူး- ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG ပြောခွင့်ရ)
MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်သဘောကျ NUG၊ တော်လှန်ရေးအင်အားစုတွေနဲ့ ကင်းကင်းနေမယ်ပြောပေမဲ့ လက်တွေ့လုံးဝအဆက်အသွယ်ဖြတ်ဖို့ မဖြစ်နိုင်ပဲ စစ်ရေးဗျူဟာ သေချာစဉ်းစားဖို့လိုတယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာဆိုင်ရာအကြံပေး တွမ်ကီး(န်)က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
လက်နက်ကိုင်အဖွဲ့တခုခေါင်းဆောင်တယောက်နဲ့ နောက်ထပ် သတင်းဇစ်မြစ် ၂ ခုကိုအခြေခံပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချင်း၊ ကချင်နဲ့ ရခိုင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို နိုဝင်ဘာလလယ် New Delhi မြို့တော်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဖိတ်ကြားထားတယ်လို့ Bangkok Post သတင်းစာမှာ ကိုးကားဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်