လက်နက်ကိုင်အဖွဲ့တခုခေါင်းဆောင်တယောက်နဲ့ နောက်ထပ် သတင်းဇစ်မြစ် ၂ ခုကိုအခြေခံပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချင်း၊ ကချင်နဲ့ ရခိုင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို နိုဝင်ဘာလလယ် New Delhi မြို့တော်မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဖိတ်ကြားထားတယ်လို့ Bangkok Post သတင်းစာမှာ ကိုးကားဖော်ပြထားပါတယ်။
နှစ်ရှည် အကျဥ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရောင်းချဖို့ လုပ်နေတာမှာ ဝယ်မယ့်သူမရှိတာမို့ စျေးနှုန်း ပြင်ဆင်သတ်မှတ်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ထပ်ပြီးကြိုးစားနေပါတယ်။
ရှမ်းပြည်နယ် အင်းလေးဒေသမှာ ရက်သီတင်းပတ် ၂ ပတ်ကျော်ကြာ ရေဘေးသင့်မှုမှာ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အကူအညီတွေ ဆက်တိုက်လိုအပ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ ရေ ဆက်ပြီးကြီးနေတာကြောင့် အင်းလေးက ရွာတချို့ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။
ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis က အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလဆန်းပိုင်းက ပုပ်ရဟန်းမင်းကြီး အာရှကို ခရီးသွားခဲ့တုန်းက ပြောကြားခဲ့တဲ့ မှတ်တမ်းတွေကို အီတလီသတင်းစာမှာ ကောက်နှုတ်ဖော်ပြခဲ့တာပါ။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ဘက်မှာလည်း လေကြောင်းကို အဓိကသုံးပြီး တိုက်ခိုက်နေပါတယ်။ အခုရက်ပိုင်း အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ဂွနဲ့ မောင်တောမြို့နယ်တွေပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံး ဒဏ်ရာရနေပါတယ်။
MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့မှာ ဗုံး ၄ လုံးထပ်မံကြဲချခဲ့တာကြောင့် အရပ်သား တဦး သေဆုံးပြီး လူပေါင်း တဒါဇင်နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံကို ဂျက်လောင်စာဆီအပါအဝင် လက်နက်တင်ပို့မှုတွေမလုပ်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အဆုံးသတ်ခဲ့တဲ့ အမေရိကန်အပါ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲ မြန်မာ့အရေးကိုပါ ထည့်သွင်းထုတ်ပြန်ထားတာပါ။
"သေဆုံးက နောက်နေ့မှာ ၃ ယောက် ထပ်တွေ့တာပေါ့။ ၂၂ ရက်နေ့က တွေ့တာပေါ့။ ၂၀ ရက်နေ့က ပစ်လို့သေတာလား၊ ၂၁ ရက်နေ့က ပစ်လို့သေတာလား အတည်တော့မပြုနိုင်ဘူး။ ဒါပေမယ့် ၃ လောင်း ထပ်တွေ့တာတော့မှန်တယ်။ အလောင်းထုတ်ဖို့အချိန်မှာ လေယာဉ်လာတော့ အကုန်လုံး ထားပြီးတော့ ပြန်ပြေးကြရတာ။" (မြောင်
ရခိုင်ပြည်နယ်ကို တင်သွင်းရောင်းချနေကြတဲ့ ပြည်မနဲ့ နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင်စတဲ့ ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်တွင်းကို တင်သွင်းခွင့်ပိတ်လိုက်ကြောင်း အာရက္ခတပ်တော် ULA/AA ရဲ့စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းတို့ တက်ရောက်ပါတယ်။ အခမ်းအနားမှာ သမ္မတသစ် Dissanayaka ကနိုင်ငံရေးသမားတွေအပေါ် လူထုယုံကြည်မှု အပြည့်အဝရအောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းချခံရသူတချို့ကို အများရှေ့မှာ အမှုစစ်ဆေးခြင်းမရှိဘဲ တံခါးပိတ် ကြားနာမှုပြုပြီး သေဒဏ်ချမှတ် ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ်စောင့်ကြည့်နေကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အင်နဲ့အားနဲ့ လာရောက် လုပ်ကိုင်နေကြတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ထိုင်း အရပ်ဖက် အဖွဲ့အစည်းတချို့ ဦးဆောင်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်