ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီနဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေကြား သီတင်း ၁ ပတ်ကျော်ကြာ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တဆင့်ခံတင်ပို့မှု အဓိကနိုင်ငံတွေမှာ အပါအဝင်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရာဂိ (Yagi) မုန်တိုင်းနောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှုတွေ ကြုံခဲ့ရတဲ့ မန္တလေးတိုင်းအတွင်း အရေးပေါ် အကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရာဂိ (Yagi) မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံအတွက် အကူအညီပေးမယ့် အစီအစဉ်တွေကို အိန္ဒိယနဲ့ ကိုရီးယားနိုင်ငံတို့က ကြေညာလိုက်ကြပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ပေးမယ်လို့ ကိုရီးယားအစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ Yagin မုန်တိုင်းကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့အတူ ကုန်စိမ်းသီးနှံအပါအဝင် စားသောက်ကုန်တချို့ ဈေးနှုန်းတွေ မြင့်တက်သွားပါတယ်။
မြန်မာနိုင်ငံမှာ ရေဘေးဒဏ် အဆိုးဆုံးခံနေရတဲ့ ဒေသတွေမှာ အပါအဝင်ဖြစ်တဲ့ အရေးပေါ် ကယ်ဆယ်ရေးနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ပဲခူးတိုင်း ကျောက်ကြီးနဲ့ ဖြူးမြို့နယ်အနီးဝန်းကျင်က ကျေးရွာတွေမှာ ဆိုရင်လည်း စစ်တောင်းမြစ်ရေတက်လာတဲ့အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေဟာ လက်တွေ့ကျရဲ့လားလို့ အကဲခတ်အချို့က မေးခွန်းထုတ်နေကြပါတယ်။ တရုတ်သံရုံးကတော့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာမှာဖြစ်ပြီး ပြည်တွင်းရေးကို မစွက်ဖက်ရေးမူအတိုင်း ဆက်လက်ကိုင်ဆွဲထားကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။
Yagi တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်ခဲ့လို့ ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေမှာ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဗီယက်နာမ်နိုင်ငံမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်နေပြီး ကျောင်းတွေပိတ်ထားရသလို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။
ရေကြီး၊ မြေပြိုမှုတွေကြောင့် နေအိမ် ၇၂၉၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော်၊ လူဦးရေအားဖြင့် ၃ သိန်း ၂ သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် နောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးသူတွေ တိုးလာနေချိန်မှာပဲ စေတနာ့ဝန်ထမ်းတွေ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြရပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးနဲ့ ပတ်သတ်ပြီး ဝင်ရောက်စွက်ဖက်နေကြောင်း တချို့က အကြောင်းမဲ့ အပြစ်တင်နေတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရက ပြောဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်လို့ ဝါရှင်တန်ဒီစီက မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ကိုအောင်အောင် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာ့အရေးမှာ ဝင်ရောက် မစွက်ဖက်ဘူးလို့ စနေနေ့က ထုတ်ပြန်ချိန်မှာပဲ ဝါရှင်တန်ဒီစီက တရုတ်သံရုံးရှေ့မှာ အမေရိကန် မြန်မာနွယ်ဖွားတွေက တရုတ်အစိုးရကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်