"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ် လက်ရှိမှာ NUG အနေနဲ့ TNLA တအာင်းတပ်၊ AA အာရက္ခတပ်တော် တို့နဲ့ ပူးပေါင်းနိုင်ဖို့အရေးကြီးတယ်လို့ထောက်ပြကြပါတယ်။ မြန်မာ့အရေး အနီးကပ် စောင့်ကြည့်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး သုတေသီတွေကိုဆက်သွယ် မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း တောင်ငူခရိုင်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေးဒဏ်သင့်ပြီး၊ စာသင်ကျောင်းတခု ပျက်စီးပြီးလူ ၇ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူက စက်တင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအသီသီးမှာရှိကြတဲ့ မြန်မာတွေက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ သူ့ရဲ့ လက်ရှိ သံအမတ်ကြီးတာဝန်ကို ကုလသမဂ္ဂက ဆက်လက် ခန့်ထားပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို ကမ္ဘာသိအောင် တင်ပြနိုင်ဖို့ အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဆက်လက်ထားရှိပေးဖို့ အမေရိကန် နယူးယောက်နဲ့ ဆန်ဖရန်စစ္စကို မြို့ကြီးတွေ အပြင် ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေမှာလည်း စနေနေ့က တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ခိုလှုံခွင့် အစီအစဥ် တနှစ် ပြည့်ချိန်မှာ လူ ၁၀ ဦးထက်နည်းတဲ့ ပမာဏကိုသာ ခိုလှုံခွင့်ပေးထားတယ်လို့ ပြောကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အရင် အပတ်က တွေ့ဆုံခဲ့တဲ့ အကူအညီပေးရေးအဖွဲ့ဝင်တွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့စာရင်းအရ ရာဂီမုန်တိုင်းရေဘေးကြောင့် သေဆုံးသူအရေအတွက် ၃၈၄ ဦးအထိ မြင့်တက်လာပြီး။ ကူညီကယ်ဆယ်ရေးသမားတွေကတော့စာရင် ပြုစုနိုင်မှုအားနည်းမှု အပြင်ပျောက်ဆုံးသူတွေ အများအပြား ရှိနေဆဲ ဖြစ်လို့ သေဆုံးတဲ့ အရေအတွက် ဒီထက် ပို တိုးလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို သံအမတ်ကြီးအဖြစ် နောက်တနှစ်သက်တမ်းတိုးဖို့မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီကနေ့ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ စုဝေးဆန္ဒပြကြပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့မှာ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်က မြန်မာပြည်သူတွေ အချိန်ကိုက် စုဝေးဆန္ဒပြကြပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲမှာ စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲလို့ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ငါန်မြာကြီးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က၂ ရက်ဆက်တိုက် ဗုံးကြဲတာမှာ၊ အရပ်သား ၁၀ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မနေ့က သေဆုံး ...
တရုတ်နဲ့ ရုရှား အဓိကဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံအထိ တိုးလာတဲ့ BRICS နိုင်ငံတွေရဲ့ အောက်တိုဘာလ ထိပ်သီးညီလာခံမှာ လေ့လာသူနိုင်ငံအဖြစ် ပါဝင်ချင်တယ်လို့ ရုရှားကို ဒီရက်ပိုင်းထဲသွားခဲ့တဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးက ရုရှားသတင်းဌာနကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်