အမေရိကန်ပြည်ထောင်စု New York မြို့မှာ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်က မြန်မာပြည်သူတွေ အချိန်ကိုက် စုဝေးဆန္ဒပြကြပါတယ်။
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲမှာ စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲလို့ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ငါန်မြာကြီးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က၂ ရက်ဆက်တိုက် ဗုံးကြဲတာမှာ၊ အရပ်သား ၁၀ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မနေ့က သေဆုံး ...
တရုတ်နဲ့ ရုရှား အဓိကဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံအထိ တိုးလာတဲ့ BRICS နိုင်ငံတွေရဲ့ အောက်တိုဘာလ ထိပ်သီးညီလာခံမှာ လေ့လာသူနိုင်ငံအဖြစ် ပါဝင်ချင်တယ်လို့ ရုရှားကို ဒီရက်ပိုင်းထဲသွားခဲ့တဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးက ရုရှားသတင်းဌာနကို ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်ကြားက တောင်တန်းဒေသတွေဘက်မှာ လှုပ်ရှားနေတဲ့ ကွတ်ကီးသူပုန် ၉၀၀ လောက် မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယဘက် ဝင်လာတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရထားတယ်လို့ မဏိပူရပြည်နယ်အစိုးရ အကြံပေး Kuldiep Singh က အတည်ပြုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ၁၄ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
ရေဘေးဒုက္ခတွေကြုံနေရတဲ့အတွက် တနိုင်တပိုင်အကူညီပေးနေတဲ့လူမူ့ကူညီရေးအသင်းကလူတွေကို စစ်တပ်က ဖမ်ဆီးစစ်ဆေးတာ ငွေကြေးကောက်ခံတာ တွေလုပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေသူတွေကပြောပါတယ်
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လျှပ်တပျက်ရေကြီး ရေလျှံမှုဒဏ်ကို လူပေါင်း ၉ သိန်းဝန်းကျင်ခံစားခဲ့ရပြီး သေဆုံးရသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - UNOCHA က စက်တင်ဘာ ၂၀ သောကြာနေ့မှာ ကျေညာချက် ထုတ်ပြန်ပါတယ်။
သံဖြူဇရပ်မြို့မှာတော့ ရေဘေးကူညီကယ်ဆယ်ရေးနဲ့ လူနာတွေပို့ဆောင်ရေး လုပ်နေတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် အသင်းဝင်ငါးဦးကို ဖမ်းဆီးတာလုပ်ခဲ့သလို တောင်ငူ တပ်ကုန်းနေပြည်တော်ဘက်ကိုသွားတဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေသူတွေကို ငွေညှစ်တောင်းခံတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ကွပ်မျက်သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ပြစ်ဒဏ်ကနေ ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ APHR လူ့အခွင့်ရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ၁၄ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဖားကန့်မြို့ပေါ်မှာလည်း တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်လို့ ဒေသခံတွေ တိမ်းရှောင်တာတွေရှိနေကြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် သူ့ကို နောက်တနှစ် ဆက်ပြီး အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်