ဖိလစ်ပိုင်နိုင်ငံမှာ ဥပဒေမဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆိုက်ဘာရာဇဝတ်မှု လုပ်ငန်းတွေအတွက် မသင်္ကာတဲ့ နေရာတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားတချို့ အပါအဝင် လူ ၁၆၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဘယ်အတိုင်းအတာ လုပ်နိုင်ခဲ့ပါလဲ။ အပြောင်းအလဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့အကြောင်း စာအုပ်သစ်ထုတ်လိုက်တဲ့ စီးပွားရေး အထူးအကြံပေး စီးပွားရေးပညာရှင် Sean Turnell ကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မကွေးနဲ့ စစ်ကိုင်းတိုင်းတွေထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ပိုတိုးလာနေချိန်မှာ သူတို့အတွက် အကူအညီတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ချင်းပြည်နယ်ကတဆင့်ပေးနိုင်ဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။
“အင်အား အများအပြားနဲ့ ၂၄ ရက်နေ့ကတည်းက ကင်းလှည့်နေတာ ခမောက်ငယ်ကျေးရွာက မာရမ်းဒေသမှာရှိ တယ်။ အဲဒီမှာ နယ်မြေကင်းလှည့်တာတွေ လုပ်နေတယ်၊ လုံခြုံရေး စစ်ဆေးတာတွေ လုပ်နေတယ် ၂၄ ရက်နေ့ကတည်းက အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ လုပ်နေ"
မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေကို တရုတ်နိုင်ငံက အထူးအလေးပေး စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှာ ပုံမှန်လုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian က သောကြာနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်တပ်က သောကြာနေ့ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လားရှိုးမြို့ခံတွေ စိုးရိမ်နေကြပါတယ်။
စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံအလုပ်သမားတွေရဲ့ လစာငွေထဲက အခွန်ကောက်ယူဖို့အတွက် စက်မှုဇုန်စီခံခန့်ခွဲရေး ကော်မတီတွေကတဆင့် စက်ရုံတွေကို အဆင့်ဆင့်ညွှန်ကြားထားတယ်လို့ ပြည်တွင်းက အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
လစာငွေ ကျပ်လေးသိန်းကျော်တဲ့ စက်မှုဇုန် အလုပ်သမားတွေကို အခွန်ကောက်ခံဖို့အတွက် စက်ရုံတာဝန်ရှိသူကို စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း ပြည်တွင်း အလုပ်သမား အဖွဲ့အစည်းတွေက ဗွီအိုအေက ပြောပါတယ်။ ဝင်ငွေပမာဏနဲ့ မိသားစု အချက်အလက်အလိုက် စိစစ်မှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၉ ရက် ညပိုင်းနဲ့ ၃၀ ရက်မနက်ပိုင်းတို့မှာ ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ တို့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အပေါ် UNESCO အကြီးအကဲ Audrey Azoulay က ရှုတ်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်