စိန်ကျော့နဲ့ မိုင်းခေးဌာနေ ပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပူးပေါင်းတဲ့ အခမ်းအနားကို SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ဒီနေ့ (စက်တင်ဘာ ၅ ရက်) မနက်ခင်းက ကျင်းပခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေမှာ ဒေသခံ စစ်ဘေးရှောင်အများအပြား အရေပြားရောဂါ အဖြစ်များလာကြတယ်လို့ ဒေသတွင်းမှာ ကုသပေးနေတဲ့ ဆရာဝန်နဲ့ ဒေသခံတွေက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် အရေပြားရောဂါအတွက် ကုသဖို့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ နောက်တိုး ရိုဟင်ဂျာတွေကို နေရာထိုင်ခင်း မပေးနိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုလည်းမရ၊ စားသောက်ဖို့တောင် အခက်ကြုံနေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
စက်တင်ဘာ ၄ ရက် မနေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိနေချိန် ၁၂၀ မမ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်ရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က VOA ကို ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံ တာချီလိတ်ကပို့လာတဲ့ ကာလတန်ဖိုးဘတ်ငွေ သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့စိတ်ကြွဆေး ပြား (၆) သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ သိမ်းယူထားတဲ့ဒေသတွေမှာ တန်ပြန်ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၃ ရက်နေ့မှာပြောခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြကြပါတယ်။
"တိုင်းပြည်မှာ အရေးတကြီးဖြေရှင်းရမယ့် သောင်းခြောက်ထောင်သောအရေးအရာတွေဖြစ်နေပေမဲ့ သူအာဏာလက်မလွှတ်ရေးကအကဲပိုနေတော့ သူ့နောက်ကျောမလုံ စိတ်မချရတိုင်း ခရီးပဲသွားသွားနေပြီး အစည်းအဝေးပွဲမှာ အရည်မရ အဖတ်မရ လေးနာရီလောာက်ကြာတဲ့ ခရားရေလွှတ်စကားကြောရှည်တာတွေနဲ့ပဲ အလဟဿ အချိန်ဖြုန်းနေတော့တာပါပဲ။” (ဖဒိုစောတောနီး-KNU)
တောင်တရုတ်ပင်လယ်ထဲက အပူပိုင်းမုန်တိုင်း ရာဂီ (Yagi) ရဲ့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအရှေ့ခြမ်းနဲ့ စစ်ကိုင်းတိုင်းနေရာ တချို့မှာ မိုးစတင်ရွာနေပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာလည်း စက်တင်ဘာ ၇ ရက်မှာ လေဖိအားနည်းရပ်ဝန်းကို ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းနေပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတဦး တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူနာကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်ထားရှိပြီးတော့ မိသားစုဝင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဆွေးနွေးလိုတဲ့အပေါ် အာရက္ခတပ်တော် AA အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ တရားဝင် ဆက်သွယ်တာ မရှိသေးပေမဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးဖြေရှင်းဖို့ လိုတယ်လို့ ပြောဆိုလိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသက TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ကို မနေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီဒေသ လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို ဦးတည်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နေ့စဉ်ဆိုသလို နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖြတ်သန်းတဲ့ နယ်မြေတလျှောက် ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ဖျက်ဆီးခံရတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်