MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက ဒီကနေ့မနက်အစောပိုင်း လေကြောင်းက တိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့နဲ့ မော်တော်ယာဉ်တွ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် လေးကေကော် မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးစခန်း ရှိရာကို KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ညဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်က ညစဉ်လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတာ အခုဆိုရင် ၄ ညမက ရှိသွားပြီလို့ ဒေသခံတွေကပြောပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ မြန်မာ စစ်ကောင်စီတပ်တွေ ကြားမှာ အချင်းချင်း မတိုက်ခိုက်ဖို့ နားလည်မှု ရှိထားကြတယ်လို့ RSO တာဝန်ရှိသူ တဦးက ရိုက်တာ သတင်းဌာနကို သီးသန့် ဖြေကြားကြောင်း စက်တင်ဘာ ၆ ရက်နေ့မှာ ရိုက်တာက ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ထိုင်းမြန်မာနယ်စပ် လေးကေကော် မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ် စွယ်တော်ကုန်း လက်နက်ကြီးစခန်း ရှိရာကို KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ညဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်က ညစဉ်လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တဲ့အပေါ် ရှမ်းလူငယ်အဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်တွင်းမှာ ရွှေ့ပြောင်း မြန်မာကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ မေတ္တာရိပ်မြန်မာစာသင်ကျောင်းလို့ခေါ်တဲ့ မြန်မာဘာသာ စကားသင်ကြားရေး စင်တာကို စူရတ် ခရိုင်တာဝန်ရှိသူတွေက စက်တင်ဘာလ ၄ ရက်နေ့က ပိတ်သိမ်းလိုက်ပါတယ်။
သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ တခုတည်းသော လက်ကျန်စခန်းဖြစ်တဲ့ ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်း (Central Naval Diving and Salvage Deport Myanmar Navy) CNDSD ကို အာရက္ခတပ်တော် AA က စက်တင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၆ ရက် သောကြာနေ့မှာ AA ကသတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံထဲမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ အဓမ္မ ဖမ်းဆီး ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသား ၂၀ ကို နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ သီရိလင်္ကာသံရုံးက ဒီနေ့ သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။
ပျက်ကွက်မယ်ဆိုရင် ပြည်ပထွက်ခွင့် ကာလအကန့်အသတ်နဲ့ ပိတ်တာ၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်မပေးတာ၊ နိုင်ငံကူးလက်မှတ် (passport) သက်တမ်း တိုးမပေးတာတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်