ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဆိုင်းတောင်ရွာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ဒီနေ့ ဆက်ပစ်နေတာကို အမည်မဖော်လိုတဲ့ ဒေသခံက အခုလို ပြောပြပါတယ်။
မြန်မာမှာ ရေဘေးပြင်းထန်နေချိန် ပြည်ပအကူအညီရရေး လုပ်ကြဖို့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့ အပါအဝင် ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ ရေကြီးနေတာကြောင့် ပျောက်ဆုံးသူတွေ များလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်သူတွေက ပြောပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့နဲ့ မြို့နယ်တဝိုက် စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာတွေ အခုတကြိမ် ရေကြီးတာဟာ သမိုင်းမှာ မကြုံစဖူး အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ပြီး ပရဟိတ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လုံလောက်အောင်ကူညီနိုင်ခြင်းမရှိဘူးလို့ Save The Trees ပရတိတ အဖွဲ့က ပြောပါတယ်။
မုန်တိုင်း Yagi ရဲ့ အရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ အလယ်ပိုင်းနေရာတွေမှာ စိုက်ပျိုးမြေဧက အများအပြား ရေနစ်မြုပ်၊ ပျက်စီးခဲ့ပါတယ်။
ရှမ်းပြည်နယ် နောင်ချို၊ တောင်ခမ်းမှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ်စခန်း ၂ ခုကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့ တဲ့သောကြာနေ့မနက်က သိမ်းပိုက်ရရှိသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ TNLA ကတော့သိမ်းပိုက်ရရှိကြောင်း ပြီးခဲ့တဲ့နေ့အထိအတည်ပြုခြင်းမရှိသေးပါဘူး။
ပဲခူးတိုင်း တောင်ငူမြို့နဲ့တဝိုက် စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာတွေ အခုတကြိမ် ရေကြီးတာဟာ သမိုင်းမှာ မကြုံစဖူး အဆိုးဝါးဆုံးဖြစ်ပြီး လုံလောက်အောင် ကူညီနိုင်ခြင်းမရှိဘူးလို့ Save The Trees ပရတိတအဖွဲ့က ကိုကျော်သူရက VOA ကို ပြောပါတယ်။ ကိုသိန်းထိုက်ဦး မေးမြန်းထားတာပါ။
သုံးလအတွင်း (ဇူလိုင် - စက်တင်ဘာ) ရေကြီးတဲ့ဒဏ်ကို နှစ်ကြိမ်နီးပါး ခံခဲ့ရတဲ့ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီ တိုင်းမှာ စိုက်ခင်းအများအပြား ပျက်စီးခဲ့ပြီး ဆုံရှုံးမှုပမာဏကို တွက်ဆလို့ မရသေးကြောင်း စိုက်ပျိုးရေးပညာရှင်တချို့က ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အရင်က လှို့ဝှက်ထားတဲ့ ယူရေနီယံထုတ် စက်ရုံကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သွားရောက် ကြည့်ရှုပြီး နျူကလီးယားလက်နက်တွေ အတိုင်းအဆမရှိ တိုးမြင့် ထုတ်လုပ်နိုင်အောင် ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ရေကြီးနေပြီး ၃၃ ယောက်ထက် မနည်းသေဆုံးတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ နေရာတော်တော်များများမှာ ရေဘေးဒဏ်သင့်နေတာမှာ ဒီနေ့ ရန်ကုန် မန္တလေးလမ်းတွေ ပိတ်ထားရတဲ့အထိ ရေကြီးနေပါတယ်။
ကရင်နီဒေသမှာ ရေကြီးတဲ့အရှိန်ကြောင့် ၂၄ ဦးသေဆုံးခဲ့ပြီး မြို့နယ် ၅ ခုမှာ လူဦးရေ ၃၀၀၀၀ နီးပါး ရေဘေးဒဏ် သင့်နေပါတယ်။ မြေပြိုကျပြီး လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်နေပါတယ်။ ရေဘေးအကူညအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှဒေသတဝန်း Yagi တိုင်ဖုန်း မုန်တိုင်းဒဏ်ကြောင့် လူ့အသက်တွေ သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်