Yagi မုန်တိုင်းကြောင့် ထိခိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီ ယူရိုငွေ ၁.၂ သန်းထောက်ပံ့မယ်လို့ EU ဥရောပသမဂ္ဂက ဒီနေ့ ကြေညာပါတယ်။ Yagi မုန်တိုင်းဒဏ် ခံနေရတဲ့ အာရှနိုင်ငံတွေအတွက်ပေးမယ့် ပမာဏမှာ မြန်မာနိုင်ငံက အများဆုံးရမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရွာတဝိုက်ကို မနေ့ညနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်က အတည်ပြု ပြောဆိုပါတယ်။
ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ လတ်တလော ကြုံနေရတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတွေမှာ အဆိပ်ပြင်းတဲ့ မြွေကိုက်တာတွေ တိုးလာနိုင်ပြီး မြွေဆိပ်ဖြေဆေး မလုံလောက်တဲ့ ပြဿနာ ရင်ဆိုင်ရနိုင်တာကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနဲ့ ဒေါနတောင်လမ်းဟောင်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကော့ကရိတ်ဘက်ကနေ စစ်ရေးအရှိန်မြှင့်ပြီး တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေပြန်ဖြစ်လာပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ကပြောပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေအောင်နဲ့ ထိုင်း မြန်မာနယ်စပ် တည်ငြိမ်ရေးကို လိုလားတဲ့ ထိုင်းနိုင်ငံအနေနဲ့ အာရှလမ်းမကြီး ပြန်လည်ပြင်ဆင်နိုင်အောင် မြန်မာနိုင်ငံထဲက စစ်ပွဲတွေဖြစ်နေတဲ့ ဘက်အားလုံးနဲ့ အတူတွဲဆောင်ရွက်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂရန်ဖုန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့အထိ ရရှိတဲ့စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း မုန်တိုင်းဒဏ်သင့် မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ၂၆၈ ဦးသေဆုံးပြီး ၈၈ ယောက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုကော်မတီက စာရင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်နိုင်ငံရဲ့ Airbus လေယာဉ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး တရုတ်လေကြောင်းထုတ်လုပ်ရေး ကော်ပိုရေးရှင်း (AVIC)ကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေရပ်တန့်အောင် ဖိအားပေးဖို့ မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက အစီရင်ခံစာသစ်တစောင်ထုတ်တောင်းဆို လိုက်ပါတယ်။
စစ်ဘေးနဲ့ ရေဘေး တပြိုင်တည်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ ကရင်နီ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးသလို ထိရောက်တဲ့ အကူအညီတွေလည်း မရသေးဘူးလို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
အလှမ်းဝေးတဲ့ရေဘေးသင့်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက အဝေးထိန်း ဒရုန်းတွေသုံးပြီး ပို့ပေးနေပေမဲ့ အလေးချိန်က အကန့်အသတ်ရှိလို့ အရေးပေါ်လိုအပ်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုသာ ဦးစားပေးနေရကြောင်း ကရင်နီပြည် ကြားကာလ လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေး အဖွဲ့ (KHAI) ရဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
"စကစ ဝင်းထဲလည်း သူတို့သွားတယ်။ ထောက်ပို့ဘာညာလုပ်တာတွေတို့။ သေဆုံးသူတွေ ဘယ်သူပါမှန်းမသိဘူး။ မိုင်းထောင်ထားတာကို။ လာတော့ မိုင်းဆွဲလိုက်တော့ အဲ့ဘက်ကလည်း ပြန်လည်ခုခံပစ်တာဆိုတော့ အဲမှာတင် ထိတွေ့တိုက်ပွဲဖြစ်တာ။ သေနတ်နှစ်လက်လည်း ရတယ်။ ပါလာတဲ့သူအကုန်လုံးလည်း သေဆုံးသွားတယ်ပေါ့။" (စစ်ကိုင်းပကဖ)
မြန်မာနိုင်ငံအကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံရသူတွေအပေါ် အာဏာပိုင်တွေက လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကျုးလွန်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၈၅၃ ယောက်ထက်မနည်း အချုပ်ထောင်ထဲမှာသေဆုံးခဲ့တဲ့အချက်အလက်ရရှိကြောင်းကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
လူပေါင်းရာချီ သေဆုံးခဲ့တဲ့ Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ကလေးငယ်ပေါင်း ၆ သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်