တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတဦး တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူနာကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်ထားရှိပြီးတော့ မိသားစုဝင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဆွေးနွေးလိုတဲ့အပေါ် အာရက္ခတပ်တော် AA အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ တရားဝင် ဆက်သွယ်တာ မရှိသေးပေမဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးဖြေရှင်းဖို့ လိုတယ်လို့ ပြောဆိုလိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသက TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ကို မနေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီဒေသ လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို ဦးတည်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား နေ့စဉ်ဆိုသလို နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖြတ်သန်းတဲ့ နယ်မြေတလျှောက် ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ဖျက်ဆီးခံရတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဆွေးနွေးအဖြေရှာဖို့ ရခိုင်ဒေသနယ်မြေတွေကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက ပြောပါတယ်။
“အကျိုးဆက်အနေနဲ့ တရုတ်က ကြားဝင်စေ့စပ်ပြီးတော့ အပစ်အခတ်ရပ်ဖို့ ကြိုးစားနေတဲ့ဟာကို ဒီကြေညာချက်က နင်းခြေ ဖျက်စီးပြီးသား ဖြစ်နေပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို သူ လက်မခံဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်လို့ ကျနော်က အဲလိုပဲ သုံးသပ်ပါတယ်ဗျာ။” (ခိုင်သုခ- အာရက္ခတပ်တော် ပြောခွင့်ရ)
"အရင် 10 %, အခုအသစ်စပြီးယူမယ်ဆိုရင် ၁၃။ down payment ၃၀ ပုံစံမျိုး။ အခု ဗဟိုဘဏ်ကသတ်မှတ်ပေးလိုက်တာ ၁ ရက် ၉ လကစပြီး အရင်က (နှစ်ချင်းဆပ်) OD ချေးငွေတွေဆိုရင် 10 % ကနေ ၂ ထည့်ပေါင်းလိုက်တော့ ၁၂ ဖြစ်သွားတာ။ Home Loan ကအရင်ယူပြီးသားတွေက 12 ပဲ။ လက်ရှိ အသစ်ထပ်ယူမယ်ဆို 13 ။" (အိမ်ရာချေးငွေ ဝန်ဆောင်မှုဌာန)
ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမှာ ဒီသီတင်းပတ်အစောပိုင်း ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီလင်းနဲ့ သထုံမြို့ကြားက ကမာစိုင်ရွာ အနီး တနင်္ဂနွေနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။
မဲခေါင်မြစ်တွင်း စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ မြန်မာအများအပြားကို ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ကိုယ်တိုင်တွေ့သူတွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။ တနင်္လာနေ့က လာအိုနိုင်ငံကနေ မြန်မာပြည်နိုင်ငံဘက်ကို ပြန်လာသူတွေ စက်လှေတိမ်းမှောက်ရာက မြန်မာအများစု အပါအဝင် ၃၀ လောက် ပျောက်ဆုံးနေတာပါ။
မန္တလေးမြို့မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နန်းတွင်းကို ဒီနေ့အစောပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်မှုရှိခဲ့တယ်လို့လည်း မြို့ခံတွေက ကပြောပါတယ်။
“အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောက်ကျားလေးတွေ အခြားမြို့နယ်ကသူတွေဆိုရင် ကော့သောင်းကနေ ရနောင်းဘက်ကို ပေးမကူးတော့ဘူး။ အခုကတော့ ဒီနေ့ကနေစပြီး ဥပဒေထုတ်တာပေါ့နော်။ မြ၀တီတို့ဘက်ကတော့ သတင်းမထုတ်သေးဘူး။ ဘယ်နေ့ ထုတ်မလဲမသိဘူး။ အခုတော့ ကော့သောင်းကနေထွက်တာ စပိတ်တာပေါ့နော်။ မြ၀တီဘက်ကတော့ ဘယ်နေ့ပိတ်မလဲမသိဘူး။”
MNDAA မြန်မာအမျိုးသားမဟာမိတ်တပ်မတော်၊ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ULA/AA အာရက္ခတပ်တော် တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးပါလုပ်ပိုင်ခွင့်အရ အခုလို ကြေညာတာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလက်မှတ်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်