မြန်မာ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ မေတ္တာရိပ် သင်ကြားရေး စင်တာတွေကို ပိတ်ပစ်လိုက်တာဟာ ကျောင်းသူ ကျောင်းသားတွေကို ထိုင်း စာသင်ကျောင်းတွေကို ပို့ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို ပျက်ကွက်ခဲ့တဲ့အတွက် ဖြစ်တယ်ဆိုပြီး ဆူရတ်ဌာနီခရိုင် ပညာရေးဌာနက ပြန်လည် ဖြေရှင်းပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ပေးအပ်ဖို့ အပါအဝင် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ICRC နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီးရဲ့ ဥက္ကဋ္ဌ Mirjana Spoljaric က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ တအန်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာက ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့က အကျဉ်းစခန်းတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူ ၅၀ ကျော် သေဆုံးကြောင်း အာရက္ခတပ်တော် (AA) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နျူကလီးယားလက်နက်ထုတ်မှာမဟုတ်ဘူးလို့ သမ္မတ Yoon Suk Yeol ကတိပြုပြီး နှစ်နှစ်မပြည့်ခင်မှာပဲ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးအသစ်က အဲဒီရပ်တည်ချက်ကို ပြန်လည်စဉ်းစားဖို့ လူသိရှင်ကြားပြောလာပါတယ်။
"ထိုင်းအစိုးရအနေနဲ့ ကလေးအခွင့်ရေးဆိုင်ရာစာချုပ်တွေလည်း လက်မှတ်ထိုးထားတယ်၊ .... ဘယ်ကလေးပဲဖြစ်ဖြစ် တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ ထိုင်းကလေးနည်းတူ အခွင့်အရေးတန်းတူ ပညာသင်ခွင့်ရှိတယ်။ အသက် ၁၅ နှစ်အထိ ပညာသင်ခွင့်ရှိရမယ်လို့ သူတို့ကရေးထားတယ်။”(ဦးထူးချစ်-ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း)
"အမတို့ နေ့တိုင်းဝယ်နေတဲ့ စျေးနှုန်းကတော့ အရင်တုန်းကတက်ခဲ့တဲ့ ကုန်စျေးနှုန်းတွေအတိုင်းပဲ၊ ပြန်မကျပေးသေးဘူး။ နည်းနည်းချင်းစီတော့ ပြန်ကျသွားရင်တော့ ကောင်းတာပေါ့နော်။ သူတို့တက်တုန်းကကြတော့ နေ့တိုင်း ရွှေစျေးအပြောင်းအလဲ၊ ဒေါ်လာစျေးအပြောင်းအလဲ ဆိုပြီးတော့ စျေးနေ့တိုင်းတက်တယ်။.." (ရန်ကုန်နေအိမ်ရှင်မတဦး)
“ ဒီမနက်မှာပဲပေါ့နော် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာချီလိတ်မှာရှိတဲ့ မယ်ဆိုင်ချောင်း အခုလက်ရှိ စိုးရိမ်ရေမှတ် ရောက်နေပြီးပေါ့နော်။ ဆက်ပြီးတော့ မိုးရွာအုံးမှာဆိုတော့ ထပ်ပြီး တက်လာမယ်အနေအထား မျိုးရှိတယ်။" (ဦးကျော်မိုးထွန်း-မိုးဇလ ဒု-ညွှန်မှူး)
"ဗုံးကြဲတိုက်ခိုက်မှုက ၅ ကြိမ်ရှိသွားပြီ။ သြဂုတ် ၁၃ ရက်ည ၉ နာရီ ၄၅ က ၃ လုံးကြဲတာ တအိမ် တလုံးပျက်စီးတယ်။ သြဂုတ် ၁၄ ရက် ည ၈ ခွဲမှာ ရွာအနောက်ဘက်က ဘုန်းကြီးကျောင်းမှာ ဘာမှ မရှိဘူး။ ကျောင်းထိုင်ဘုန်းကြီးတော့ထိတယ်။ အခုချိန်ထိ ဒဏ်ရာ ကောင်းကောင်းတောင် မပျောက်သေးဘူး။ အဲ့ဒါ ၁၄ ရက်ည။" (ဆူးရစ်ကုန်းရွာသား)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ ပိုများလာနိုင်တဲ့ နေရပ်စွန့်ခွါ ရိုဟင်ဂျာဒုက္ခသည်တွေကို တတိယနိုင်ငံတခုမှာပြန်လည်နေရာချထားရေး အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် Muhammad Yunus က တနင်္ဂနွေနေ့က တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု ၁၇၄ ကြိမ်ရှိခဲ့ပြီး ကလေးသူငယ်တွေရဲ့ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့် ငြင်းပယ်ခံနေရတဲ့အကြောင်း ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုမှ ကာကွယ်ရေးနေ့မှာ ရန်ကုန် အမေရိကန် သံရုံးကသတင်းထုတ် ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်