ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမှာ ဒီသီတင်းပတ်အစောပိုင်း ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရပြီး ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်၊ ဘီလင်းနဲ့ သထုံမြို့ကြားက ကမာစိုင်ရွာ အနီး တနင်္ဂနွေနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာတော့ မသိရသေးပါဘူး။
မဲခေါင်မြစ်တွင်း စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ မြန်မာအများအပြားကို ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ကိုယ်တိုင်တွေ့သူတွေနဲ့ မိတ်ဆွေတွေက ပြောပါတယ်။ တနင်္လာနေ့က လာအိုနိုင်ငံကနေ မြန်မာပြည်နိုင်ငံဘက်ကို ပြန်လာသူတွေ စက်လှေတိမ်းမှောက်ရာက မြန်မာအများစု အပါအဝင် ၃၀ လောက် ပျောက်ဆုံးနေတာပါ။
မန္တလေးမြို့မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နန်းတွင်းကို ဒီနေ့အစောပိုင်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ ထိခိုက်မှုရှိခဲ့တယ်လို့လည်း မြို့ခံတွေက ကပြောပါတယ်။
“အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောက်ကျားလေးတွေ အခြားမြို့နယ်ကသူတွေဆိုရင် ကော့သောင်းကနေ ရနောင်းဘက်ကို ပေးမကူးတော့ဘူး။ အခုကတော့ ဒီနေ့ကနေစပြီး ဥပဒေထုတ်တာပေါ့နော်။ မြ၀တီတို့ဘက်ကတော့ သတင်းမထုတ်သေးဘူး။ ဘယ်နေ့ ထုတ်မလဲမသိဘူး။ အခုတော့ ကော့သောင်းကနေထွက်တာ စပိတ်တာပေါ့နော်။ မြ၀တီဘက်ကတော့ ဘယ်နေ့ပိတ်မလဲမသိဘူး။”
MNDAA မြန်မာအမျိုးသားမဟာမိတ်တပ်မတော်၊ TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ULA/AA အာရက္ခတပ်တော် တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးပါလုပ်ပိုင်ခွင့်အရ အခုလို ကြေညာတာလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလက်မှတ်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။
"မြင်းခြံကုန်းကျေးရွာကို လေယာဉ်နဲ့ ဗုံး ၃ ကြိမ်လာကြဲသွားတယ်။ ပြည်သူ ၄ ယောက် တအိမ်တည်းသေဆုံးသွားပြီး ၂ ယောက် ဒဏ်ရာရသွားတယ်။ အဲ့ ၂ ယောက်ကို ဘေးကင်းမယ်ထင်တဲ့ ဆေးရုံတခုကိုပို့ပေးထားပါတယ်။ အသက်မစိုးရိမ်ရတော့ပါဘူးခင်ဗျ။ ရွာပေါ် ကျတယ်။ ညနေ ၄ နာရီလောက်ကြီး ရွာပေါ်ကျတော့ ထိခိုက်ကုန်တာပါ။" (ကိုကြည်စတား- PDF)
အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီးအယောက် ၆,၀၀၀ နီးပါး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအမျိုးသမီးအယောက် ၁,၀၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီအဖွဲ့ အင်အားထပ်တိုးထားတဲ့ စစ်ကြောင်းနှစ်ကြောင်းဟာ ရွာတွေထဲဝင် မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ရွာခံတွေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီက လာမယ့်အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမှာဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေကို ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုသွားမယ်လို့မနေ့ စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားထားတဲ့ ကရင်နီဒေသက သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ မြို့နယ်အသီးသီးမှာ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ သူတို့ရောက်ရှိတဲ့ နေရာမှာ နေ့စားအလုပ်လိုက်ရင်း ဝမ်းစာအတွက် ရုန်ကန်ဖြေရှင်းနေကြပေမယ့် စားနပ်ရိက္ခာ လောက်ငှမှုမရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာရှိနေတဲ့ အွန်လိုင်းရာဇတ်ဂိုဏ်းတခုအတွက် သောင်ရင်းမြစ်ကိုဖြတ်ပြီး အင်တာနက်လိုင်းချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ ထိုင်းနိုင်ငံသား အမျိုးသားတဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေထံ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေတင်ပို့ ကြံစည်မှုနဲ့ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIA) က မီဇိုရမ်းပြည်နယ်မှာ လူ ၁၀ ဦးကို စွဲချက်တင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်