မြန်မာနိုင်ငံအကျဉ်းထောင်တွေအတွင်း ဖမ်းဆီးခံရသူတွေအပေါ် အာဏာပိုင်တွေက လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကျုးလွန်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၈၅၃ ယောက်ထက်မနည်း အချုပ်ထောင်ထဲမှာသေဆုံးခဲ့တဲ့အချက်အလက်ရရှိကြောင်းကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
လူပေါင်းရာချီ သေဆုံးခဲ့တဲ့ Yagi မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ကလေးငယ်ပေါင်း ၆ သန်းနီးပါးထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂ က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ရေဘေးသင့် ဒေသတခုဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးမှာ အခုချိန်ထိ ရေပြန်မကျသေးလို့ စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ရေမြုပ်လို့ အိမ်မပြန်နိုင်သေးသူတွေ ရှိသလို၊ သွားလာရခက်ခဲတဲ့ တချို့ရွာတွေအတွက်လည်း သောက်သုံးရေနဲ့ စားစရာ လိုအပ်နေတာပါ။
မြန်မာနိုင်ငံက ရေလွှမ်းနေတဲ့ဒေသတွေက ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာအကူအညီ အမြန်ဆုံး ပို့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က စီစဉ်နေပါတယ်။ ဒါဟာ ဇူလိုင်လကတည်းက ရေဘေး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကနေ အရှိန်မြင့် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်က ရေဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း ဒါဇင်နဲ့ချီရှိခဲ့ပြီး နေအိမ်ရာချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ဒုက္ခရောက်ကြရသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ အပါအဝင် ဖြစ်ခဲ့တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် ရေဘေးဒုက္ခသည် ၁၅၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စေတနာ့ရှင်တွေ လှူဒါန်းတဲ့ အစားအသောက်တွေကို စားမိရာက အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ ရေဘေးသင့်နေချိန် ကရင်ပြည်နယ်အတွင်းမှာလည်း ရေဘေးဒဏ်ကိုကြုံတွေ့နေရပြီး သောင်ရင်းမြစ်၊ သံလွင်မြစ်ကမ်းဘေး တွေမှာနေနေကြရတဲ့ စစ်ဘေးရှောင် စခန်းတွေလည်း ရေဘေးဒဏ်ခံရတယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကရင်လူ့အခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။
Yagi မုန်တိုင်းကြောင့်မြန်မာနိုင်ငံတဝန်းမှာ ရေကြီးရေလျှံ ၊ မြေပြိုတာတွေရှိခဲ့ပြီးတဲ့နောက် ကျွဲနွား တိရိစ္ဆာန်တွေအပြင် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပြီးရေဘေးသင့်သူတွေအကူအညီတွေ လိုအပ်နေတာပါ။ ဖျားနာသူတွေရှိပြီး ဆေးဝါးအကူအညီတွေလိုအပ်နေသလိုအကူအညီမလုံလောက်တာတွေရှိတယ်လို့ စေတနာအလှူရှင်တွေကလည်း ပြောကြပါတယ်။
သောက်သုံးရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့အတွက် အထောက်အကူပြု ပစ္စည်းတွေနဲ့ တခြား အရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အကူအညီအလိုအပ်ဆုံး သူတွေထံ ပေးပို့ရာမှာ ချောမွေ့မှုရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အမေရိကန်သံရုံး ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား ၅,၃၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကာ၊ စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေထက်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်ထက် နိမ့်ကျပြီး နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ Samut Sakhon မှာရှိတဲ့ Krathumbaen ဆေးရုံမှာ ထိုင်းနဲ့ မြန်မာ မိသားစု နှစ်ခုအကြား မွေးကင်းစ ကလေးချင်း မှားပြီးပေးလိုက်မိတဲ့ အတွက် ဆေးရုံက နှစ်ဖက် မိဘတွေကို နစ်နာကြေးပေးဖို့ သဘောတူလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်