မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အရင်က လှို့ဝှက်ထားတဲ့ ယူရေနီယံထုတ် စက်ရုံကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သွားရောက် ကြည့်ရှုပြီး နျူကလီးယားလက်နက်တွေ အတိုင်းအဆမရှိ တိုးမြင့် ထုတ်လုပ်နိုင်အောင် ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ရေကြီးနေပြီး ၃၃ ယောက်ထက် မနည်းသေဆုံးတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ နေရာတော်တော်များများမှာ ရေဘေးဒဏ်သင့်နေတာမှာ ဒီနေ့ ရန်ကုန် မန္တလေးလမ်းတွေ ပိတ်ထားရတဲ့အထိ ရေကြီးနေပါတယ်။
ကရင်နီဒေသမှာ ရေကြီးတဲ့အရှိန်ကြောင့် ၂၄ ဦးသေဆုံးခဲ့ပြီး မြို့နယ် ၅ ခုမှာ လူဦးရေ ၃၀၀၀၀ နီးပါး ရေဘေးဒဏ် သင့်နေပါတယ်။ မြေပြိုကျပြီး လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်နေပါတယ်။ ရေဘေးအကူညအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာရှဒေသတဝန်း Yagi တိုင်ဖုန်း မုန်တိုင်းဒဏ်ကြောင့် လူ့အသက်တွေ သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သတင်းပေးပို့တဲ့ သတင်းသမား ၄ ယောက် အသတ်ခံခဲ့ရတဲ့အကြောင်းနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ဟာ သတင်းသမားတွေ အသေအပျောက် အများဆုံး နှစ်ဖြစ်ကြောင်း စက်တင်တာ ၁၃ ရက်ထုတ် သတင်းစာမှာ ဆောင်းပါးရှည်နဲ့ ရေးသားဖော်ပြခဲ့တာပါ။
အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်ခံရမှုတွေ ပြင်းထန်လာနေချိန်မှာ လေကြောင်းရန်ကာကွယ်ရေး နည်းပညာအကူအညီတွေ လက်တွေ့ ထောက်ပံ့ပေးဖို့ အမေရိကန်-မြန်မာ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပါမယ်။
"BURMA Act ကလည်း ခွင့်ပြုထားသား ဖြစ်ပါတယ်။ ဒါကို ဆက်လက်ပြီးတော့ Early Warning System (ကြိုတင် အချက်ပေးစနစ်) ဆိုတာတို့၊ လေယာဥ်ဆီဖြတ်တောက်ရေးဆိုတာတို့က တကယ်တမ်းကျတော့ လူသတ်လက်နက်လည်း မဟုတ်တဲ့အတွက် သူ့တို့ရဲ့ အခြေခံ သတ်မှတ်ချက်တွေကို ဘောင်ဝင်ပါတယ်။” (ဒေါ်ခင်တင့်တင့်-
မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း ကလေးငယ် အနည်းဆုံး ၁၀ ယောက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တာ အတွက် အထူး အံ့သြတုန်လှုပ်ရကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြေညာချက်ထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ အဖမ်းအဆီးတွေ အများအပြားရှိနေပါတယ်။ အဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံက ပြဌာန်း ထားတဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဥ်းဥပဒေတွေနဲ့မကိုက်ညီဘဲ အလုပ်လုပ်နေကြသူတွေနဲ့ အထောက်အထားမဲ့ ဝင်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဥရောပ ၃ နိုင်ငံ ခရီးထွက်နေတဲ့ ဝန်ကြီး Blinken ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် ပိုလန်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီးအပြင် သမ္မတ Andrzej Duda နဲ့လည်း အစောပိုင်းက သီးခြားတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် Donald Tusk နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတွေကို ကျောင်းသားဗီဇာနဲ့ ရေတိုသင်တန်းတွေတက်နေသူတွေရဲ့ PE အမျိုးအစား နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းကုန်သွားရင် ထပ်တိုးပေးတော့မှာ မဟုတ်ဘူးလို့ ဘန်ကောက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်း ပျော်ဘွယ် စတဲ့မြို့တွေက ကျေးရွာတွေမှာ ရေနစ်မြှုပ်တာကြောင့် ၂၀ ဦးထက်မနည်းသေဆုံးပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ ရေဘေးသင့်နေပါတယ်။ ရေပြန်ကျနေပေမယ့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေသလို ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်