ထိုင်းမြန်မာနယ်စပ်အနီးက လူဦးရေ ၅၀၀၀ လောက်နေထိုင်ရာ ဒုက္ခသည်စခန်းမှာ မြစ်ရေတက်လာရာက ရေဘေးသင့်နေပါတယ်။ ရေဘေးကြောင့် ဒုက္ခသည်စခန်းက နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးများပြီး၊ နောက်ဆက်တွဲ ရေဘေးကြောင့် အရေးပေါ် ဘေးလွတ်ရာ ကယ်ဆယ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုတ်တရက်ရေဘေးသင့်တာကြောင့် ပျောက်ဆုံးနေသူတွေနဲ့ ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ - ICRC ဟာ မြန်မာနိုင်ငံထဲကို စာနာမှုအကူအညီတွေ နယ်စပ်ဖြတ်ကျော် ပို့ပေးနိုင်ရေးအတွက် စစ်ကောင်စီ၊ အတိုက်အခံ လက်နက်ကိုင်အင်အားစုတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူ ရိုဟင်ဂျာဒုက္ခသည် ၁၈,၀၀၀ လောက် ရှိခဲ့တာကြောင့် နယ်စပ်ဒေသ တလျှောက်ကို လုံခြုံရေးတိုးပြီး စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းအကျဉ်းထောင်တွေက လွက်ရက်စေ့ပြီး မြန်မာနိုင်ငံ ကော့သောင်းဖက်ကို ပြန်ပို့ခံရတဲ့ လူငယ် ၂၇ ဦးကို စစ်မှုထမ်းခိုင်းဖို့ ခေါ်ဆောင်သွားစဉ် အစောင့်စစ်သား ၂ ဦးကို သတ်ဖြတ်ပြီး တိမ်းရှောင်သွားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ချင်းမိုင်ခရိုင် မဲအိုင်းမြို့နယ် ဒွိုင်လန်တောင်တန်း အမှတ် (၄) ကျေးရွာအုပ်စုအနီးက တောင်တန်းမှာ အမှတ် (၃) နယ်ခြားစောင့်တပ်နဲ့ ထိုင်း ဖမောင့်တပ် ပူးပေါင်းတပ်တွေဟာ မြန်မာနိုင်ငံဘက်ကနေဝင်ရောက်လာတဲ့ မူးယစ်ဂိုဏ်းဝင်လက်လက်ကိုင် ၁၀ ဦးခန့်နဲ့ စက်တင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကအထွက် Huai Ya-U စစ်ဆေးရေးဂိတ်မှာ ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးတတန်ကျော်ကို ဖမ်းမိခဲ့အကြောင်း မဲဆောက်အာဏာပိုင်တွေက ဒီကနေ့ (စက်တင်ဘာ ၉ ရက်နေ့) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာချိန်မှာပဲ အရပ်သားနယ်မြေတွေကိုပစ်မှတ်ထားတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းယူပြီး စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာကို ပေးပို့သွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်ပြီး ဒီတိုက်ခိုက်မှု တွေကို ချက်ခြင်းရပ်တန့်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပါတယ်။
မလေးရှားအစိုးရဟာ လအတော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ပြည်ပလုပ်သားခေါ်ယူတဲ့အစီအစဉ်ကို မကြာခင်မှာ ပြန်ပြီးခေါ်ယူသွားဖို့ ပြင်ဆင် နေပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသားတွေအတွက်လည်း အကျုံးဝင်လာမှာ ဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီ လုပ်ငန်းတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာ ၁၃ ရွာက နေအိမ် လေးရာနီးပါး မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး၊ ဒေသခံတချို့ သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
"ရေစီးသန်လို့ လာကယ်တဲ့လူတွေလည်း သူတို့လှေတွေ မှောက်တဲ့အခါကျတော့ လာကယ်လို့မရ ဖြစ်နေတယ်။ အိမ်အောက်ထပ်က လုံးလုံးမြုပ်နေပြီ။ ဒုတိယထပ်ကတော့ လှေကားနှစ်ထစ်လောက်ပဲ လိုတော့တယ်။ ညီမတို့လည်းတက်တော့မှာ။ ဘေးအိမ်က တထပ်ပဲရှိတာ။ သူတို့က လုံးလုံးမြုပ်သွားတော့ ခေါင်မိုးပေါ်မှာပဲနေ နေရတယ်။" (ရေဘေးသင့်ပြည်သူ)
နောက်ထပ်ကြည့်ရှုရန်