ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းတို့ တက်ရောက်ပါတယ်။ အခမ်းအနားမှာ သမ္မတသစ် Dissanayaka ကနိုင်ငံရေးသမားတွေအပေါ် လူထုယုံကြည်မှု အပြည့်အဝရအောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းချခံရသူတချို့ကို အများရှေ့မှာ အမှုစစ်ဆေးခြင်းမရှိဘဲ တံခါးပိတ် ကြားနာမှုပြုပြီး သေဒဏ်ချမှတ် ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ်စောင့်ကြည့်နေကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အင်နဲ့အားနဲ့ လာရောက် လုပ်ကိုင်နေကြတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ထိုင်း အရပ်ဖက် အဖွဲ့အစည်းတချို့ ဦးဆောင်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း TNLA ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
အင်းစိန်ထောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးအပါအ၀င် အကျဥ်းသား စုစုပေါင်း ၅၀၀ နီးပါးလောက်ကို စက်တင်ဘာ (၂၂) ရက် မနေ့က သာယာဝတီနဲ့ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဆက်ရှိနေတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ အပါအဝင် လောင်းကစားဝိုင်းတွေကို မြန်မာရဲနဲ့ စစ်တပ်က ဒီကနေ့ မနက်ပိုင်းမှာ ၀င်ရောက်နှိမ်နင်းရာက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်မြို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ် ၄ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှင်းပန်း နှိပ်စက် ခံနေရတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်၊ Alabama ပြည်နယ် Birmingham မြို့က ညပိုင်းလူစည်ကားရာနေရာမှာ စနေနေ့ညပိုင်းပစ်ခတ်မှုဖြစ်ပြီး လေးဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မနက်ပိုင်းမှာထုတ်ပြန်ပြီး ပစ်ခတ်သွားသူတွေကို ရှာဖွေဖမ်းဆီးနိုင်ရေး သတင်းပေးကြဖို့ အာဏာပိုင်တွေက အများအပြည်သူကို အကူအညီတောင်းခံနေပါတယ်။
"ရေစကြီးကတည်းက လေးငါးရက်အထိ ပေးမသွားဘူး။ အကုန်လုံး ပိတ်တားတယ်။ ရွာထဲကိုပဲလက်နက်ကြီးနဲ့ ပစ်ထုတယ်။ အဲဒီ ၄၃၉ စစ်တပ်ကပေါ့။ ရွာထဲကိုနောက်ပိုင်းလာတဲ့သူတွေထဲမှာတော့ မူဆလင်အဖွဲ့တချို့လည်းပါလာတယ်။ သူတို့လာတဲ့ တဖွဲ့နှစ်ဖွဲ့ကတော့ အိမ်တွေထိ လိုက်ကယ်ဆယ်ကြတယ်။”(ဒေသခံ ကယ်ဆယ်ရေးလုပ်သူတဦး)
"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ် လက်ရှိမှာ NUG အနေနဲ့ TNLA တအာင်းတပ်၊ AA အာရက္ခတပ်တော် တို့နဲ့ ပူးပေါင်းနိုင်ဖို့အရေးကြီးတယ်လို့ထောက်ပြကြပါတယ်။ မြန်မာ့အရေး အနီးကပ် စောင့်ကြည့်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး သုတေသီတွေကိုဆက်သွယ် မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်း တောင်ငူခရိုင်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ဦး ရေဘေးဒဏ်သင့်ပြီး၊ စာသင်ကျောင်းတခု ပျက်စီးပြီးလူ ၇ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူက စက်တင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မြို့မှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံအသီသီးမှာရှိကြတဲ့ မြန်မာတွေက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ သူ့ရဲ့ လက်ရှိ သံအမတ်ကြီးတာဝန်ကို ကုလသမဂ္ဂက ဆက်လက် ခန့်ထားပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်