ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုအကူအညီတွေ ဆက်လက် လိုအပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရေးကလည်း အလားတူ အရေးကြီးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြီးအကဲ Muhammad Yunus က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာ့အရေး ထိရောက်တဲ့ ဆုံးဖြတ်ချက် ထွက်လာဖို့ အလားအလာ ဘယ်လောက်အထိ မျှော်လင့်နိုင်ပါလဲ။ အာဆီယံနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍ ကရော ဘယ်လိုရှိပါလဲ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မခင်ဖြူထွေးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ဆိုးရွားလာနေပြီး လူသားဘေးဒုက္ခ အကျပ်အတည်းတွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် ပိုမို ဆိုးရွား ပြင်းထန်လာနေတယ်လို့ (ယူကေ) ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ကုလသမဂ္ဂမိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ ယုံကြည်စိတ်ချလို့ မရတဲ့အကြောင်းနဲ့ လက်ခံဖို့ မရှိတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က တုံ့ပြန်ပါတယ်။
ကယားပြည်နယ် ကရင်နီဒေသမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၃၀ ထက် မနည်းရှိနေပါပြီ။ ဗိုးဗြဲရေကာတာက လွှတ်လိုက်တဲ့ရေတွေကြောင့် ဘီလူးချောင်းတဝိုက် မြို့နယ်တွေမှာ ဆက်လက် ရေလွှမ်းနေပါတယ်။
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လာရှိုးမြို့ထဲက မြို့မဈေးနဲ့ ရပ်ကွက် ၁ ကျောက်တောင်ဘက်ကို စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲခဲ့လို့ ၂ ယောက်သေဆုံးပြီး ၄ ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“လ၀ကအချုပ်မှာထားတဲ့ မြန်မာနိုင်ငံသားတွေကိုပြန်ပို့တာပါ။ ရက်ပေါင်း ၁၂၀ အတွင်း အဖမ်းခံရတဲ့သူတွေချည်းပဲမဟုတ်ဘူး။ အကုန်ပဲ။ အကြောင်းကြောင်းကြောင့် ဖမ်းဆီးခံရတဲ့ အချုပ်သားတွေပေါ့။ ဒီနေ့ပို့တာက လူ ၁၂၀ ကျော်ကိုပြန်ပို့တာပေါ့နော်။ အလှည့်ကျနဲ့ပို့တယ်။” (ဦးမင်းဦး-ထိုင်းတောင်ပိုင်းအခြေစိုက် အလုပ်သမားတာဝန်ခံ)
"ကမ်းပါးက ပြိုပြီးမှ ဆွဲထားတဲ့ ပြည်သူတွေက ဆွဲထားတဲ့လက်ကို ပြုတ်သွားတာပေါ့နော်။ ပြုတ်သွားတော့ ထပ်ဆွဲတော့ အမျိုးသားတယောက်ပါ ပါသွားတယ်။ အဲ့အမျိုးသားကတော့ ကြိုးပစ်ပေးတာနဲ့ အဲ့ကြိုးကိုဆွဲပြီး ပြန်တက်လာနိုင်တယ်။ အဲ့သားအမိကိုတော့ လုံးဝကို မကယ်လိုက်နိုင်တော့တာ။" (ကျောက်ထုရေဘေးကယ်ဆယ်ရေး)
တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဝင်ကြဖို့ စစ်ကောင်စီက တိုက်တွန်းထုတ်ပြန်ပါတယ်။
ရာဂီ မုန်တိုင်းကြောင့် ရေကြီးမြေပြိုတဲ့ဒဏ် ပြင်းပြင်းထန်ထန် တွေ့ကြုံခဲ့ရတဲ့ ကလောမြို့မှာ ၁၀ ရက်ကျော် ကြာလာချိန်အထိ ရွှံ့နွံရှင်းလင်းရေး ဦးစားပေး ဆောင်ရွက်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မြို့ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေအပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာမကြာ လုပ်နေတာမှာ မနေ့ညပိုင်းက ခင်ဦးမြို့နယ်အပေါ် ဗုံးကြဲလို့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ သံတွဲမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ဘက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်