Yagi မုန်တိုင်းကြောင့်မြန်မာနိုင်ငံတဝန်းမှာ ရေကြီးရေလျှံ ၊ မြေပြိုတာတွေရှိခဲ့ပြီးတဲ့နောက် ကျွဲနွား တိရိစ္ဆာန်တွေအပြင် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပြီးရေဘေးသင့်သူတွေအကူအညီတွေ လိုအပ်နေတာပါ။ ဖျားနာသူတွေရှိပြီး ဆေးဝါးအကူအညီတွေလိုအပ်နေသလိုအကူအညီမလုံလောက်တာတွေရှိတယ်လို့ စေတနာအလှူရှင်တွေကလည်း ပြောကြပါတယ်။
သောက်သုံးရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့အတွက် အထောက်အကူပြု ပစ္စည်းတွေနဲ့ တခြား အရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အကူအညီအလိုအပ်ဆုံး သူတွေထံ ပေးပို့ရာမှာ ချောမွေ့မှုရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အမေရိကန်သံရုံး ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား ၅,၃၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကာ၊ စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေထက်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်ထက် နိမ့်ကျပြီး နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ Samut Sakhon မှာရှိတဲ့ Krathumbaen ဆေးရုံမှာ ထိုင်းနဲ့ မြန်မာ မိသားစု နှစ်ခုအကြား မွေးကင်းစ ကလေးချင်း မှားပြီးပေးလိုက်မိတဲ့ အတွက် ဆေးရုံက နှစ်ဖက် မိဘတွေကို နစ်နာကြေးပေးဖို့ သဘောတူလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။
တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိသွားပြီလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး ၇၇ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ပြည်မဘက်ကနေစားနပ်ရိက္ခာသယ်ယူခွင့်တွေကို စစ်ကောင်စီက ပိတ်ပင်လိုက်တဲ့အတွက် အရပ်သားပြည်သူတွေ ဆေးဝါးအပြင် စားနပ်ရိက္ခာပြတ်လတ်နေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ဟာ မြန်မာစစ်ကောင်စီ အရာရှိတွေနဲ့ တွေ့ဆုံပြီး ဒေသတွင်း ရေဘေးဒဏ်က သက်သာရာရစေဖို့ နှစ်ဖက် သဘောတူညီနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးနေတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ယိုယွင်းနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ရင်ဆိုင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို အဓိကထားဖို့ ဗြိတိန်သံအမတ်ကြီးဟောင်းလည်းဖြစ်၊ မြန်မာ့စီးပွါးရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB ရဲ့ ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ Vicky Bowman က ထောက်ပြသွားပါတယ်။
" ကယ်ဆယ်ရေးစခန်းတွေမှာ လုံလောက်အောင် စောင်၊ ခေါင်းအုံး၊ အိပ်ယာခင်းတွေ မပေးနိုင်ဘူး။ အဝတ်အထည်ကလည်း လာလှူတာရှိပေမယ့် အဟောင်းတွေ များတယ်။ အနွေးထည် အဓိကလိုတယ်။ အင်္ကျီအသစ်တွေ လိုတယ်။ တကိုယ်ရည် တကာယသုံး ပစ္စည်းတွေလိုတယ်။" (ရေဘေးကယ်ဆယ်ရေးကူညီနေသူ)
Yagi တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအတော်များများမှာ ရေကြီးရေလျှံနေပြီး ပျက်စီးမှုတွေရှိနေကြောင်းနဲ့ ဒါကြောင့် အစားအစာ၊ ရေ၊ သန့်ရှင်းရေးနဲ့ အခြား အရေးတကြီးလိုအပ်မှုတွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ STÉPHANE DUJARRIC က ပြောပါတယ်။
ကရင်နီဒေသမှာ ရေဘေးကြောင့် မြေပြိုတာ၊ လမ်းတံတား ပြတ်တောက်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ရေဘေးသင့်သူ စစ်ရှောင်နဲ့ဒေသခံ စုစုပေါင်း အိမ်ထောင်စု ၅,၀၀၀၊ လူဦးရေ ၃ သောင်းဝန်းကျင်ရှိပြီး သူတို့အတွက် အမိုးအကာနဲ့ စာနပ်ရိက္ခာ အကူအညီလိုအပ်နေပါတယ်။ ကရင
နောက်ထပ်ကြည့်ရှုရန်