လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုကိစ္စရပ်တွေဆွေးနွေးတဲ့ ဒီ ကုလသမဂ္ဂရဲ့ တတိယကော်မတီ အစည်းအဝေးမှာ၊ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း အခုလို ပြောခဲ့တာကို မနေ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာပါ။
မြန်မာနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အလုပ်မဖြစ်ဘူးလို့ မြန်မာ့ဒီမိုကရေစီရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထောက်ပြနေပေမဲ့ ဒီ (၅) ချက်ကိုပဲ ဆက်ပြီးအကောင်အထည်ဖေါ်ဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ပြုလုပ်တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ လာမယ့်လထဲ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တင်ပြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေ ပြင်ဆင်နေကြပါတယ်။ ILO ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြတာပါ။
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အကောင်အထည်ဖော်ရေး အခိုင်အမာ ရပ်တည်ပေမဲ့၊ အခုအချိန်အထိ အောင်မြင်မှု မရှိသေးကြောင်း ဖိလစ်ပိုင် သမ္မတက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ စစ်ကောင်စီနဲ့ အတိုက်အခံ အင်အားစုတွေကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေ တောင်းဆိုလိုက်ပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ပြီး၊ လုံခြုံရေး တာဝန်ယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ တိုက်ခိုက်မှုတွေ ဆက်လက် အရှိန်မြှင့်မှာ ဖြစ်တာကြောင့် မြို့ခံတွေ သတိနဲ့ သွားလာကြဖို့လည်း တိုက်တွန်းနေတာပါ။
ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြား ရေလွှမ်းမိုးမှု ပြသနာကို ဖြေရှင်းရေး တစိတ်တပိုင်း အဖြစ် မယ်ဆိုင် ချောင်းထဲမှာ ကျုးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ ဖျက်သိမ်းရေး နှစ်နိုင်ငံအရာရှိတွေ ဒီနေ့ ဆွေးနွေးကြမယ့်အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
အာဆီယံအနေနဲ့ကျရှုံးနေတဲ့စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်တန့်ပြီး စစ်ကောင်စီအလွန် မြန်မာနိုင်ငံ အနာဂတ်အတွက် ဘယ်လိုပါ၀င်မလဲဆိုတာ ချမှတ်လုပ်ဆောင်သင့်ကြောင်း Alternative ASEAN ခေါ် (စင်ပြိုင်အာဆီယံ) အဖွဲ့ကို တည်ထောင်သူ Debbie Stothard ကဗွီအိုအေကိုပြောပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်နယ်ထဲမှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ ရှိသလို ဖမ်းဆီးခံရသူ တွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
အမေရိကန် ဖလော်ရီဒါပြည်နယ်ကိုဦးတည်တိုက်ခတ်လာတဲ့ Milton ဟာရီကိန်း မုန်တိုင်းဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညနေပိုင်းမှာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ ရွေ့နေပြီး ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ကျရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းလမ်းပေါ်က အမေရိကန်မြန်မာတွေကြုံနေတဲ့အခြေအနေကို ကို ဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မြန်မာ့အရေး ထိုင်းအပါအဝင် ASEAN ဒေသတွင်းမိတ်ဆွေတွေနဲ့ အမေရိကန်က အနီးကပ်ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ မြန်မာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ထိုင်းအစိုးရကိုကျေးဇူးတင်ကြောင်း အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က နို င်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်က တိုက်ထဲမှာ ၁ နှစ် ၂ လတိုက်ပိတ်ခံရချိန်မှာ ဆရာဇော်မြင့်မောင်က အများကြီးကူညီခဲ့လို့ ထောင်ထဲမှာ စားဝတ်နေရေးအဆင်ပြေခဲ့တယ်။ ဆရာက နွေဦးတော်လှန်ရေးမှာပါတဲ့ GZ တွေကို လေးစားကြောင်းပြောတယ်။ ...ပြီးတော့ တော်လှန်ရေးက သေချာပေါက်အောင်မှာလို့လည်း သူကပြောတယ်။" (ဦးသိုက်ထွန်းဦး-(PPNM) ဦးဆောင်ကော်မတီဝင်)
နောက်ထပ်ကြည့်ရှုရန်