စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။အောက်တိုဘာလ ၂၃ရက်နေ့ ဒီကနေ့မှာတော့ အမ်းမြို့ပေါ်က စစ်ကောင်စီ စရဖတပ်ကို AA အာရက္ခတပ်တော် ဘက်က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“လူနာအများစုဟာ အားအင်ချိနဲ့နေကြပြီး၊ နှာဆေး၊ ချောင်းဆိုး၊ အဖျားမိနေကြပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အခြေအနေကိုလည်း စစ်ဆေးပေးနေရပါတယ်။” လို့ ဒေသခံ Labuhan Haji ဆေးရုံက ဆရာဝန် Dr. Muhammad Iqram က AP သတင်းဌာနကို ပြောခဲ့တာပါ။
ကချင်ပြည်နယ်နဲ့ဆက်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါင်း လေးခုထက်မနည်းကို တရုတ်က လုံခြုံရေးအကြောင်းပြုပြီး ပိတ်ပစ်လိုက်တဲ့နောက် မြစ်ကြီးနားအပါအဝင် နယ်စပ်မြို့တချို့မှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ဒီနေ့အောက်တိုဘာလ ၂၃ရက် တရက်တည်းမှာပဲ လေကြောင်းကနေ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း (DANA)အရှိန်ကြောင့် နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းနဲ့ ပြည်နယ် ၁၁ ခုလောက်မှာ မိုးများ ရေကြီးရေလျှံ လေပြင်းတိုက်ခတ်နိုင်တာနဲ့ ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းခရီး ပျံသန်းမှု အထူးသတိထားကြဖို့ မိုးဇလက နိုးဆော်နေပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ခြံနံပတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့ အရေး ဒုတိယအကြိမ်ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျော့ချပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ ဦးအောင်ဆန်းဦး ရှေ့နေက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။
လာမယ့်နိုဝင်ဘာလလည်မှာ ကျင်းပမယ့် မြန်မာ-ရုရှား နှစ်နိုင်ငံ ဒုတိယအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဟာ စစ်ကောင်စီက တရုတ်ထက် ရုရှားကို ပိုအားကိုးပြီး ရုရှားအကူအညီနဲ့ အနောက်အုပ်စု ဖိအားကို ရှောင်နိုင်ဖို့ လုပ်ဆောင်ချက်လို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက ရှုမြင်ပါတယ်။
“ပထမပိုင်းတုန်းကတော့ သူတို့ ရိုးရိုးတံတား ကူးတယ်။ ရိုးရိုးတံတားကူးပြီး Smart Card တွေ လုပ်တယ် သက်တမ်းတိုးတယ်၊ ပြန်လာတယ်။ နောက်တော့ Smart Card အချက်အလက်တွေ ရောက်လာတဲ့လူတွေဆို တချက်တည်း ဆွဲဖမ်းလိုက်တယ်။ တံတားကို လာခေါ်တာတောင်မှ ရဲမှူး အဆင့်က လာခေါ်တယ် ပြောတယ်။" (တက်ကြွလှုပ်ရှားသူတဦး)
Red News Agency သတင်းထောက်နဲ့ အလွတ်သတင်းထောက် ၂ ယောက်ကို ဖမ်းဆီးသွားခဲ့တာ အတွက် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက တာဝန်ခံရမှာဖြစ်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်ရေး ကော်မီတီ စီပီဂျေအဖွဲ့က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရင်ကြားစေ့ကြပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်ဖော်ဆောင်ဖို့ ဥရောပသမဂ္ဂ အီးယူက ကုလသမဂ္ဂမှာ တိုက်တွန်းလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံရဲ့ဆောင်ရွက်ချက်တွေကို အီးယူက ဆက်လက် ထောက်ခံမယ်လို့လည်း ဆိုပါတယ်။
"မြွေတလိုင်းရွာက ဆိပ်ကမ်းမှာကပ်ထားတဲ့ သံခွန် (သင်္ဘောဘေးတွဲ) ပေါ်ကျပြီးသားအမိ ၂ ယောက်သေတယ်။ နောက်တယောက်ကဆေးရုံပေါ်ရောက်မှ ဆုံးသွားတယ်။ ၆ နာရီဝန်းကျင်မှာတခါ မတ္တရာအနောက်ခြမ်းမှာပဲ မိထ္ထီလာကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးရယ်၊ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးရယ်၊ ၃ စီးဝဲပြီး ၁ စီးကလုပ်သွားတယ်။" (ဒေသခံ)
ပုလောမြို့နယ်၊ ကျောက္ကာရွာကနေ မြိတ်ကိုသွားမယ့် စက်လှေတိမ်းမှောက်မှု သေဆုံးသူ ၁၇ လောင်း ဆယ်ယူရရှိထားတယ်လို့ ရှာဖွေနေသူတွေက VOA ကို ပြောပါတယ်။ ပုလောမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ကားလမ်းပုံမှန်အသုံးပြုမရချိန်မှာ ရေလမ်းကြောင်းကနေ သွားလာကြရင်း လူအယောက် ၉၀ ကျော် လှေမှောက်တဲ့အခြေအနေ ကြုံတွေ့ခဲ့ရတာပါ။
နောက်ထပ်ကြည့်ရှုရန်