NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေ ဆိုးဝါးတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။
မြန်မာနိုင်ငံ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ အဖြစ် ပြင်းပြင်းထန်ထန် ရေကြီးရေလျှံမှုတွေ ကြုံတွေခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ အရယူဖို့ ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က အောက်တိုဘာ ၄ ရက်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေရှာနိုင်ပြီး လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် အသက်ဝင်လာရေး နိုင်ငံတကာ ညီလာခံ တရပ်ကို လာအိုနိုင်ငံက ကျင်းပမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ရဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေရှာနိုင်ပြီး လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် အသက်ဝင်လာရေး နိုင်ငံတကာ ညီလာခံတရပ်ကို လာအိုနိုင်ငံက ကျင်းပမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ပြောတာကို Vatican -Fides သတင်းမှာ ဖေါ်ပြပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ၄၄ ကြိမ်မြောက် ထိပ်သီးစည်းဝေးပွဲတွေကို လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ မနက်ဖြန် အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြဿနာကို ဆွေးနွေးအဖြေရှာမှုတွေ မလုပ်နိုင်ခင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတချို့ပါဝင်တဲ့ အထူးသံတမန်တွေရဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ရေး ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြပါတယ်။
အောက်တိုဘာ ရ ရက် ဟာမတ်စ်အဖွဲ့တွေ အစ္စရေးကိုဝင်တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ၊ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေ နေရာအနှံ့ပေါ်ပေါက်လာခဲ့ပေမဲ့ အစ္စရေးမှာရောက်နေတဲ့ မြန်မာတွေ အားလုံးလိုလို ဘေးကင်းလုံခြုံတဲ့အကြောင်း အစ္စရေးနိုင်ငံ Tel Aviv မြို့ခံတယောက်က VOA ကို ပြောပါတယ်။ ကိုသိန်းထိုက်ဦး မေးမြန်းထားပါတယ်။
ပြည်တွင်းစစ်ကြောင့် ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်က အိန္ဒိယရဲ့ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတွေ ပြန်စနိုင်ဖို့ အာဏာပိုင်တွေနဲ့ စကားပြောနေတယ်လို့ အိန္ဒိယဆိပ်ကမ်းနဲ့ ရေကြောင်းပို့ဆောင်ရေး ဝန်ကြီး Sarbananda Sonowal က သတင်းဌာနတွေကို တနင်္လာနေ့က ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ရွှေကျင်မြို့နဲ့ မုန်းမြို့တို့မှာ စစ်ကောင်စစ်တပ်ရဲ့လက်နက်ကြီး နဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်ကလေး ၃ ဦးအပါအဝင် အရပ်သား ၆ ဦးဒဏ်ရာရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတဲ့ အတွက် အရပ်သား ထိခိုက်မှုတွေ ရှိနေသလို ဒေသခံ ၇ ထောင်လောက် နေအိမ်မပြန်ရဲ ကြပဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မြို့ပေါ်ရပ်ကွက်တချို့မှာ သန်းခေါင်စာရင်းတွေ ကောက်ခံနေပါပြီ။ မုံရွာ ဝန်းကျင်နဲ့ ကျေးရွာတွေမှာတော့ ကောက်ခံတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ခံသူတွေဟာ လက်နက်ကိုင် ဆောင်ထားသူတွေနဲ့ လာရောက် ကောက်ယူကြတာ လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်