ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်ထဲက ဖားဆောင်းမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီ ထူးချောင်း တပ်စခန်းကုန်းကို ကရင်နီ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၂ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။
မြန်မာအပေါ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အထင်အရှား ရှိနေတယ်လို့ ယူဆတာကြောင့် တရုတ်အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရာမှာ ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန္ဒရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ် အရှေ့ခြမ်းက ချီဖွေမြို့နယ်က နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ကို ဒီကနေ့ ညနေပိုင်းမှာ သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံက အတည်ပြုပါတယ်။ ဒီတပ်စခန်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဋ္ဌ ဦးဇခုန်တိန်ယိန်း အခြေစိုက်ရာ ပန်ဝါ ဒေသရဲ့ အဓိက လုံခြုံရေးတပ်ရင်းလည်း ဖြစ်ပါတယ်။
"အခုပြောသွားတာကတော့တကယ်တော့ သူခိုးကလူဟစ်တယ်ဆိုတာပဲလေ။ လက်နက်ကိုင်ပြီးတော့ အာဏာကို သိမ်းထားပြီး တော့ သူကဘဲလာပါ ဆွေးနွေးကြပါခေါ်တာကတော့ နာမည်ကောင်းယူအသံကောင်းဟစ်တာဖြစ်တယ်။ အပေါ်ကနေရွှေမှုန်ကြဲထားတာပေါ့လေ။"
လက်နက်ကိုင် နည်းလမ်းနဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်သလို၊ စစ်တပ်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ လိုအပ်တာတွေ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာ ထပ်မံ အသိပေးလိုတဲ့အကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကမ်းနားလမ်းမှာ ၁၆ နာရီ ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတဲ့ ဆီသင်္ဘောမီးလောင်မှုအတွင်း သင်္ဘောပေါ်က အလုပ်သမား အနည်းဆုံး၈ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေကဗွီအိုအေကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို TNLA က သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရက်ပိုင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားဝင် စုစုပေါင်း ၂၀၀ နီးပါးကို ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA ပြောခွင့်ရက ဗွီအိုအေကို အတည်ပြုပါတယ်။
ရန်ကုန်တိုင်းတွင်း မြို့နယ်တွေ၊ အထူးသဖြင့် တရုတ်ပိုင် စီးပွါးရေးလုပ်ငန်းတွေ အများအပြားရှိတဲ့ လှိုင်သာယာမြို့နယ်မှာ ကာစီနိုလောင်းကစားရုံတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးထွားနေပြီး တနင်္ဂနွေနေ့က စစ်ကောင်စီခန့်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးလည်း ဒီလိုကိစ္စတွေနဲ့ ဆက်နွယ်ပြီး လုပ်ကြံ၊ သတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့စစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်ကစလို့ နယ်မြေရှင်းနေတာ အခုဆို ၁၀ ရက် နီးပါးရှိနေပါပြီ။ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၁၄ ဦးအထိ သတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံထားရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့လူစည်ကားတဲ့နေရာမှာ "ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲဦး ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဇော်လင်းထွဋ် (ခေါ် ) ကိုဖိုးသား၊ ကိုအောင်မင်းခိုင်၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့ကို စက်တင်ဘာ ၁၉ ရက်နေ့က အဲဒီဆန္ဒပြပွဲအပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ကချင်ပြည်နယ် ချီဖွေမြို့နယ်က အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်စခန်းကို ဒီကနေ့ မနက်မှာပဲ KIA က ဝင်တိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို အတည်ပြုပါတယ်။
နောက်ထပ်ကြည့်ရှုရန်