ထိုင်းနိုင်ငံမှာ ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အလွှတ်သဘော ညှိနိုင်းဆွေးနွေးပွဲစတင် ကျင်းပနေတဲ့အခြေအနေကို ဝါရှင်တန်ဒီစီမြို့တော်ကနေ မအိသန့်စင်က ထိုင်းနိုင်ငံမှာရောက်နေတဲ့ အယ်ဒီတာ ကိုသိန်းထိုက်ဦးကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ
စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးခါနီးလေးမှာပဲ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးအပြောင်းအလဲ လုပ်ခဲ့ပါတယ်။
"ည ၉ နာရီ ၁၅၊ ၉ နာရီလောက် Y-12(လေယာဉ်) နဲ့ကြဲသွားတာ။ ၇ ပတ်လောက် ပတ်ပြီးကြဲသွားတာ။ ထိခိုက်ပျက်စီးမှုက အိမ် ၁၂ လုံးထိခိုက်ပျက်စီးတယ်။ လူကအထိခိုက်မရှိဘူး။ လူက အရင်နေ့က ဖြစ်တာ။ ကြောက်နေတော့ အပြင်မှာ ထွက်ရှောင်နေတဲ့အချိန်မှာ ရွာထဲကို ကြဲသွားတာ။
ထိုင်းနယ်ထဲမှာ ရောက်နေတဲ့ ဝနီခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့တွေ ဆုတ်ခွာရေး ဆက်ပြီး စေ့စပ်ညှိနှိုင်းနေဆဲဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံ အမှတ် ၃ ဒေသ စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Kittipong Jamsuwan ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲ ဒီနေ့ ဘန်ကောက်မြို့မှာ စတင်ကျင်းပနေပြီဖြစ်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် လာအိုနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ မူဆလင်လက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ့် နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်AAက ဒီဇင်ဘာလ ၁၈ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားတောရွာမှာ စစ်ရှောင်နေသူတွေအတွက် အနွေးထည်နဲ့ ခြုံစောင် အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ နေရပ်ပြန်မရသေးဘဲ ၃ နှစ်ကျော်ကြာ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေရတဲ့အတွက် ရရာအလုပ်လုပ်ကိုင်ပြီး၊ အလှူရှင်တွေရဲ့ အကူအညီလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဆောက်အဦးတခုထဲမှာ WFP အမှတ်အသားတွေပါတဲ့ ရိက္ခာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက်လို့ လက်ရှိမှာ သွားလာရေး ခက်ခဲနေသေးတဲ့အတွက် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နေ့မှာ WFP က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကမ္ဘာတလွှား ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ လူကုန်ကူးမှု ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ကြောင်း ဒီကနေ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ဘေး ရှောင်ပြည်သူတွေနဲ့ ဒေသခံရွာသူရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့အနီး အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ လူကုန်ကူးခံရပြီး အတင်းအကြပ်ခိုင်းစေခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံသား ၂၇ ယောက်ကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း သီရိလင်္ကာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်