စစ်ရေးအောင်မြင်မှုရတဲ့ ကချင်လွတ်မြောက်ရေးတပ် KIO/KIA ကို တာဝန်ရှိသူအဖြစ် တရုတ်က ညှိနှိုင်းရသလို အာရက္ခတပ်တော် AA ကလည်း တရုတ်အတွက် အရေးပါတဲ့ စစ်တွေနဲ့ ကျောက်ဖြူတို့ကြောင့် ညှိနှိုင်းမှု လုပ်ရနိုင်တယ်လို့ CSIS အာရှဒေသ သုတေသီ Michael Martin က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
Utah ပြည်နယ် ဆော့လိတ်စီးတီး ဆင်ခြေဖုံး ဝက်စ်ဗယ်လီ မြို့က နေအိမ်အတွင်းမှာ ခင်ပွန်း ဖြစ်သူက ဇနီးနဲ့ ကလေးသုံးယောက် ကို သေနတ်နဲ့ ပစ် သတ်ဖြတ်ခဲ့ပြီး ကိုယ်တိုင်လည်း အဆုံးစီရင်သွားဖွယ်ရှိကြောင်း ဒေသ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
ထိုင်းနိင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ပြစ်ဒဏ်ကျခံပြီးနောက် ဌာနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသားတွေ စစ်သားစုဆောင်းခံရကြောင်း မိသားစုဝင်တွေက ပြောကြပါတယ်။
ချင်းနဲ့ စစ်ကိုင်းက ထွက်ပြေးလာကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင် အရေအတွက်က ၅၀,၀၀၀ နီးပါးအထိ ရှိလာနေပြီလို့ စစ်တမ်းတချို့ကို အခြေခံပြီး စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ မြို့နယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် နှစ်လအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတော့ တောက်လျှောက်ရှိပါတယ် ခင်ဗျ။ မြို့သည် စစ်ကောင်စီ ကင်းစင်သလိုမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ် နိုင်တာမျိုးတော့ မဟုတ်သေးပါဘူးခင်ဗျ။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝ တိုးတက်ရေးအတွက် အားလုံးက စိုးရိမ်နေကြတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က Facebook လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်လွတ်မြောက်ရေးအတွက် အရေးကြီးတာကြောင့် ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က တောင်းဆိုလိုက်ပါတယ်။
“၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ် ၁၂ နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။” (ခိုင်သုခ - AA ပြောခွင့်ရ)
ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ကိုယ်စားလှယ်တွေ နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ လာမယ့် ဇန်နဝါရီ ၁၅မှာ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ MNDAA နဲ့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။
“ဗန်းမော်မြို့- မြို့ထဲ ဝန်းကျင်တွေကတော့ အခြေအနေ မကောင်းဘူး။ အဓိက ဖြစ်နေတာကတော့ ကားလေးဝန်းဘက်၊ ချမ်းသာကြီးဘုရားဘက်တွေဖြစ်တယ်။ ရုံးကြီးဘက်တွေ ဖြစ်မယ်။ ဆေးရုံကြီးဘက်တွေဖြစ်တယ်။ မြို့ သုံးပုံ နှစ်ပုံလောက်တော့ ထွက်သွားပြီ။ တပုံလောက် ကျန်အုံးမှာပေါ့။ ကိုယ့်အိမ်ကိုယ် အိမ်ထဲမှာပဲ နေကြတာ။" (ဗန်းမော်မြို့ခံ)
တခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာစေဖို့ မွန်တော်လှန်ရေးတပ် ၄ ဖွဲ့ သဘောတူလိုက်ကြ ပါတယ်။ မွန်ပြည်သူတွေရဲ့ ဆန္ဒအရ ဘုံရန်သူကိုချေမှုန်းနိုင်အောင် ပူးပေါင်းလိုက်တာဖြစ်ကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်