တရုတ်-မြန်မာ နယ်စပ်ကုန်စည်ဂိတ်တွေကို တရုတ်ဘက်ကပိတ်ထားတဲ့အပြင် ပြည်တွင်း ကုန်စည်ပို့ ဆောင်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ထားတဲ့အတွက် ကချင်ပြည်နယ်မှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ ဆေးဝါး ဝယ်ယူရခက်ခဲနေသလို ပူတာအိုမြို့မှာလည်း ဈေးကြီးပေးဝယ်ယူ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံက လျှောက်ထားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကျား-မ ကွဲပြားမှုအခြေခံကြောင့် မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံနေရတာကို ဆန့်ကျင်တဲ့ ၁၆ ရက်ကြာ လှုပ်ရှားမှုမှာပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးအကြီးအကဲက Video ရုပ်သံ ထုတ်ပြန်ခဲ့ပါတယ်။
"၂ ရက်နေ့က နွားထိုးကြီးမြို့ မြောက်ဘက်အခြမ်း နဘဲမြစ်ကိုချတာ။ ကိုရီးယားစာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ ကျောင်းသား ၂ ယောက်ပေါ့နော် သေတာက။ ၃ ရက်နေ့မှာက ကွမ်းအုံရွာ ၂ ယောက်သေပေါ့။ ၄ ရက်နေ့က လုံးတောရွာ ကိုရင်တပါး သေတယ်။ ၅ ရက်နေ့ကျတော့ အောင်ပန်းကုန်းမှာက ဗုံးကြဲလို့ မိသားစု ၃ ယောက်လုံးသေသွားတယ်။ (ဒေသခံ)
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ၊ ပြည်တွင်းစစ်ရေး နိုင်ငံရေး ပဋိပက္ခနဲ့၊ ကုန်ဈေးနှုန်းမြင့်တက်မှု အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းနဲ့ တရုတ်ကို အများဆုံးထွက်နေကြတယ်လို့ အလုပ်သမားသမဂ္ဂတွေကပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာ။ ဒရုန်းနဲ့ တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့နယ် ၃ ခုအစပ်က ကျေးရွာ ၁၄ ရွာလောက်က ဒေသခံ ၂၀၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး လွတ်မြောက်လာသူတွေကို လက်ခံဖို့ နယ်စပ်ဂိတ်တွေကနေ ထိုင်းအရာရှိတွေ စောင့်ဆိုင်းနေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေဖို့အာဆီယံ ဝန်ကြီးတွေ ဒီလ တတိယပတ် ထိုင်းနိုင်ငံမှာ ဆုံကြမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုင်းရင်းသား အဖွဲ့တွေ အပေါ် တရုတ်နိုင်ငံရဲ့ဖိအားက အမြင့်ဆုံး အဆင့် ကျရောက်နေပေမယ့် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် သက်ရောက်မှုမှာတော့ အကန့်အသတ်ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ဗွီအိုအေကို ပြောပါတယ်။
စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့သွားရောက်တဲ့ စစ်ကောင်စီ စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံပြည်သူတွေ တိုက်ပွဲအတွင်းပိတ်မိတာရှိသလို ထိခိုက်သေဆုံးတာလည်း ရှိနေပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့တပ်စခန်း အတော်များများကိုသိမ်းယူကြောင်း သတင်းတွေထွက်နေပေမဲ့ KIA ဘက်ကတော့ အတည်မပြုသေးပါဘူး။
မနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေနဲ့ နေအိမ် တော်တော်များများ ပျက်စီးသွားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်