အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်စေရေးနဲ့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၅ ခုနှစ်ကူးချိန်မှာ လူသားချင်းစာနာ အကူအညီလိုအပ်သူ သန်း ၂၀ လောက် ရှိနိုင်ပြီး အဲဒီထဲက ၅ သန်းခွဲလောက် အသက်ရှင်နေထိုင်နိုင်ရေးအတွက် အရေးပေါ် အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံပေးဖို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရုံးက အစီရင်ခံစာထုတ်ပြန်တောင်းဆိုပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်မှာရှိတဲ့ ချောင်းသာ၊ ရွှေသောင်ယံနဲ့ သပွတ်ကန်ကမ်းခြေတွေမှာ ရခိုင် ငါးဖမ်းသမားတွေကို စစ်ကောင်စီက ငါးဖမ်းခွင့် ပိတ်ထားပါတယ်။ ဒေသခံတွေကို ငါးဖမ်းခွင့်ပေးပေမဲ့ ရခိုင်ဘက်က စစ်ပြေးဒုက္ခသည်တွေကိုတော့ ငါးဖမ်းခွင့် မပေးဘူးလို့ ရခိုင်ငါးဖမ်းသမားတွေက ပြောပါတယ်။
ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့အတွက် ဆန့်ကျင်၊ လှုပ်ရှားနေကြတဲ့ ကိုရီးယားနိုင်ငံသားတွေကို လေးစားကြောင်းနဲ့ သူတို့နဲ့ တသားတည်း ရပ်တည်ကြောင်း ကိုရီးယားရောက် မြန်မာတွေက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အရပ်ဘက်ပရဟိတအဖွဲ့အစည်းတွေ မှတ်ပုံတင်ခွင့်ဆိုင်ရာဥပဒေကြမ်းကြောင့် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာသတင်းသမားတွေ၊ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းဆက်လက်လည်ပတ်ရေး အခက်တွေ့နိုင်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ သုံးသပ်သူတွေ ပြောဆိုနေပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ရဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူတဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အခုအချိန်အထိ ကမ္ဘာတဝှမ်းမှာ သတင်းထောက် ၆၈ ယောက် တာဝန်ထမ်းဆောင်ရင်း အသတ်ခံရတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ၃ ယောက် သေဆုံးတဲ့အကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က အစီရင်ခံစာသစ် ဒီဇင်ဘာလ ၁၂က ထုတ်ပြန်ပါတယ်။
မကြာမီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်ကိုယ်စားလှယ်အဖွဲ့တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ် ဒီဒီဇင်ဘာလအတွင်းထဲမှာတော့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက တဖွဲ့ချင်းအလိုက်ခေါ်ယူတွေ့ဆုံနေပါတယ်။
စစ်တပ်က ဖမ်းထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ရေး လာမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ရှိပြီး နှစ်သစ်ကူး အစောပိုင်းမှာ လွတ်လာနိုင်ကြောင်း ထိုင်း ဝန်ကြီးချုပ် Paetongtarn Shinawatra အရိပ်အမြွက် ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် (မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်မှာရှိတဲ့ တောင်သုံးလုံးစခန်း နဲ့ ဆင်စွယ်စခန်း ၂ခုကို ဒီဇင်ဘာလ ၁၁ရက်နေ့က အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်က စခဲ့တဲ့ ကချင်တော်လှန်ရေးမှာ တရုတ်နဲ့ အမြင်မတူတာတွေ အများကြီး ကျော်ဖြတ်လာခဲ့သလို ၂၀၁၁ ခုနှစ် တကျော့ပြန် စစ်မှာ တဖွဲ့တည်း အတိုက်ခံနေရတဲ့ အချိန်ကိုတောင် ကျော်လွှားနိုင်ခဲ့တယ်လို့ ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) ရဲ့ အတွင်းရေးမှူး Nsang Gum San က ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ (CPPCC) အဖွဲ့ဝင် Wu Ken နဲ့တွေ့ဖို့ရှိတာက နယ်စပ်ကုန်သွယ်ရေးနဲ့ ပိုပတ်သက်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်