အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ရရှိသူတွေထဲ မြန်မာနိုင်ငံကလည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။
ဥက္ကဋ္ဌကြီး ဦးဆောင်ပြီး သွားတယ်ဆိုတာတော့ ကြားသိရပါတယ်။ ကျနော်တို့ အထွေထွေအတွင်းရေးမှူးတို့၊ ဗိုလ်ချုပ်ဂွမ်မော်တို့ သွားတယ်လို့တော့ ကြားရတယ်။ ပုံမှန် တလတကြိမ် မဟုတ်လို့ရှိရင်တော့ နှစ်လတကြိမ် အမြဲတမ်း တွေ့တယ်ဆိုတော့ ခါတိုင်းတွေ့သလိုပဲ တွေ့တာများလားလို့ ယူဆတာပေါ့။”(ဗိုလ်မှူးကြီးနော်ဘူ-KIA ပြန်ကြားရေး)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC နိုင်ငံတကာရာဇဝတ်ခုံးရုံးက ဖမ်းဝရမ်းထုတ်နိုင်ရေး ကြိုးပမ်းမှုဟာ စစ်တပ်ရဲ့ပြစ်မှုကျူးလွန်တာတွေကို အရေးမယူနိုင်ဘဲ နှစ်ပေါင်းများစွာ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာတွေ အဆုံးသတ်စေရေးအတွက် အလွန်အရေးပါကြောင်း ICC ရှေ့နေချုပ် Karim Khan က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုကို ဘဏ်တွေကနေ တရားဝင် ငွေပြန်လွှဲမယ်ဆိုရင် အထူးအစီအစဉ်အနေနဲ့ လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေ တင်သွင်းခွင့်ပေးမယ့် အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ပြည်ပသံရုံးတွေကနေ ထုတ်ပြန် ကြေညာနေပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်၊ အခုနောက်ဆုံး ဆီးရီးယား၊ မြန်မာ၊ တောင်ဆူဒန်တို့အပြင် စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေဒဏ် ခံစားနေရသူတွေအတွက် ဆက်ပြီးဆုတောင်းကြရအောင်ပါ။" (ပုပ်ရဟန်းမင်းကြီး ဖရန်စစ်)
“သူရိန်ထွန်းနဲ့အတူပါသွားတာက လူပေါင်း ၈၀-၉၀ လောက်တော့ ရှိမယ်။ ဒီဘက် မြစ်နားဘက်ကသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်။ အဲဒီမှာလည်း ၄၀ ဝန်းကျင်လောက် ရှိမှာ၊ အဲမှာ ဝိုင်းဝန်းပိတ်ဆို့ပြီးတော့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်တော့ သူရိန်ထွန်းကို ၈ ရက်နေ့မှာ ဖမ်းရတယ်လို့တော့ ကြားတယ်။” (ရခိုင် စစ်ရေးအကဲခတ်)
စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးအတွင်း လက်လွှတ်ခဲ့ရတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာအချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ဒေသမှာ တောတောင်တွေထဲ ပုန်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ သုံးသောင်းအတွက် ရာသီဥတုအအေးဒဏ်ခံနိုင်မယ့် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ဗွီအိုအေကို ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်း ရှမ်းမြောက်၊ သီပေါမြို့အရှေ့မြောက်ဘက် မှာရှိတဲ့သိန္နီမြို့အနီး နေရာတော်တော်များများမှာ ငလျင်ငယ်အကြိမ်ရေ တော်တော်အများများ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကနေ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အသက် ၃၃ နှစ်အရွယ် ကိုသူရကျော် ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထိုင်းနိုင်ငံ၊ ဖူးခက် အပန်းဖြေ ကမ်းခြေမှာ ဓါတ်လိုက်သေဆုံးသွားတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ကြေညာပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး ဒီဇင်ဘာ တလလုံး တရုတ်အစိုးရရဲ့ မြန်မာဆိုင်ရာ မူဝါဒအပေါ် ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဝါရှင်တန်ဒီစီ တရုတ်သံအမတ်နေအိမ်ရှေ့မှာလည်း ဆန္ဒပြကြပါတယ်။ ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေအားလုံးကို ထိန်းချုပ်လိုက်ကြောင်း အာရက္ခတပ်တော် (AA) အဖွဲ့က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်