ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံပြည်သူတွေ တိုက်ပွဲအတွင်းပိတ်မိတာရှိသလို ထိခိုက်သေဆုံးတာလည်း ရှိနေပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့တပ်စခန်း အတော်များများကိုသိမ်းယူကြောင်း သတင်းတွေထွက်နေပေမဲ့ KIA ဘက်ကတော့ အတည်မပြုသေးပါဘူး။
မနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေနဲ့ နေအိမ် တော်တော်များများ ပျက်စီးသွားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးပဇင်းနတ်ဇောလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက စစ်ကြောရေးမှာ စစ်မေးပြီးတဲ့နောက် ဒီကနေ့ မင်္ဂလာဒုံမြို့နယ် ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ နီးစပ်သူကပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က စစ်ရှောင်စခန်းကို ဒီဇင်ဘာလ ၄ရက်နေ့က စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးပါအဝင် ၃ဦးသေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို UNESCO ရဲ့ Intangible Cultural Heritage ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဒီဇင်ဘာလ ၅ ရက် က တရားဝင်သတ်မှတ်လိုက်တဲ့အတွက် UNESCO စာရင်းဝင် မြန်မာသင်္ကြန်ပွဲတော် ရေရှည်တည်တံ့ရေး ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်း ငါးဖမ်းစက်လှေပေါ်က ဖမ်းဆီးခံခဲ့ရတဲ့ ရေလုပ်သားတွေ ပြန်လည်လွှတ်မြောက်ရေးနဲ့ မြန်မာစစ်တပ် သိမ်းဆည်းထားတဲ့ ငါးဖမ်းစက်လှေ ပြန်ရရေး အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ထိုင်း ငါးဖမ်းလုပ်ငန်း အသင်းဝင်တွေက ထိုင်းအစိုးကို တောင်းဆိုနေပါတယ်။
ထိုင်း မြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၃ ရက် ထိုင်းလွှတ်တော် အမျိုးသား လုံခြုံရေးဆိုင်ရာ ကော်မတီမှာ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသကနေ လာပြီး ထိုင်းနိုင်ငံကမ်ချနဘူရီ ခရိုင် စံခရဘူရီမြို့နယ်ထဲဝင်ရောက်လာတဲ့တရားမဝင် မြန်မာ ၅၀ကို ဒီဇင်ဘာ ၃ရက်နေ့ တညထဲမှာပဲဖမ်းမိတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက အာရှလမ်းအပါအဝင် ကော့ကရိတ်မြို့မြောက်ပိုင်း မိချောင်းအင်း၊ ရန်ကုတ်၊ ကောင်းမှု၊ အောက်ဘိုတဲ၊ ကမိုင်ကုန်း စတဲ့နေရာတွေ မှာ စစ်ကောင်စီ BGF တွေနဲ့ KNLA/PDF တွေဟာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်က ပူးပေါင်းပါဝင်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ် ။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကြေညာချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမိတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုလိုက်တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးရွာကို ဒီဇင်ဘာ ၃ ရက် ညနေနဲ့ညပိုင်းမှာ စစ်ကောင်စီက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ထဲက ကျေးရွာတွေမှာလည်း စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူ ပျူစောထီးတွေက သေနတ်တွေပစ်ဖောက်ပြီး နယ်မြေရှင်းလင်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်