အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကြီးရှိတဲ့ ဒီအမ်းမြို့မှာ ဒီစစ်ဌာနချုပ်စခန်းကလွဲလို့ တခြားစစ်စခန်းတွေနဲ့ ဌာနဆိုင်ရာအားလုံးကို သိမ်းထားပြီးပြီလို့၊ AA အာရက္ခတပ်တော် ပြောခွင့်ရ ခိုင်သုခက VOA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်သုတေသီ ပါမောက္ခ David Steinberg ဟာ အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားပါတယ်။ Maryland ပြည်နယ် Bethesda မြိုက နေအိမ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူက Washington Post သတင်းစာကို အတည်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်ရေးကော်မတီမှာ မြန်မာနိုင်ငံဘက်က ကိုယ်စားပြုဖို့ ကိုယ်စားလှယ် ၂ ယောက် လျှောက်ထားတဲ့အတွက် ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်ရေး ရွှေ့ဆိုင်းထားဖို့ ကော်မတီဥက္ကဋ္ဌက ဆုံးဖြတ်ချက်မူကြမ်းချခဲ့ပါတယ်။
တရုတ်နယ်စပ်အနီး MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်တဲ့နယ်မြေမှာ အမျိုးသား ၆ ဦးကို ရာဇဝတ်ပြစ်မှုူတွေနဲ့ MNDAA က ကွပ်မျက်လိုက်တဲ့ အကြောင်း MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး AFP သတင်းက သောကြာနေ့မှာ ဖော်ပြပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေတဲ့ တတိယမြောက်နေ့မှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့အတွင်းဝင်ရောက်ပြီး အစိုးရဌာန အချို့ကို သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်စည်ဂိတ်တွေကို တရုတ်ဘက်ကပိတ်ထားတဲ့အပြင် ပြည်တွင်း ကုန်စည်ပို့ ဆောင်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ထားတဲ့အတွက် ကချင်ပြည်နယ်မှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ ဆေးဝါး ဝယ်ယူရခက်ခဲနေသလို ပူတာအိုမြို့မှာလည်း ဈေးကြီးပေးဝယ်ယူ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ Slovenia နိုင်ငံက လျှောက်ထားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကျား-မ ကွဲပြားမှုအခြေခံကြောင့် မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံနေရတာကို ဆန့်ကျင်တဲ့ ၁၆ ရက်ကြာ လှုပ်ရှားမှုမှာပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးအကြီးအကဲက Video ရုပ်သံ ထုတ်ပြန်ခဲ့ပါတယ်။
"၂ ရက်နေ့က နွားထိုးကြီးမြို့ မြောက်ဘက်အခြမ်း နဘဲမြစ်ကိုချတာ။ ကိုရီးယားစာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ ကျောင်းသား ၂ ယောက်ပေါ့နော် သေတာက။ ၃ ရက်နေ့မှာက ကွမ်းအုံရွာ ၂ ယောက်သေပေါ့။ ၄ ရက်နေ့က လုံးတောရွာ ကိုရင်တပါး သေတယ်။ ၅ ရက်နေ့ကျတော့ အောင်ပန်းကုန်းမှာက ဗုံးကြဲလို့ မိသားစု ၃ ယောက်လုံးသေသွားတယ်။ (ဒေသခံ)
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ၊ ပြည်တွင်းစစ်ရေး နိုင်ငံရေး ပဋိပက္ခနဲ့၊ ကုန်ဈေးနှုန်းမြင့်တက်မှု အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းနဲ့ တရုတ်ကို အများဆုံးထွက်နေကြတယ်လို့ အလုပ်သမားသမဂ္ဂတွေကပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာ။ ဒရုန်းနဲ့ တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့နယ် ၃ ခုအစပ်က ကျေးရွာ ၁၄ ရွာလောက်က ဒေသခံ ၂၀၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး လွတ်မြောက်လာသူတွေကို လက်ခံဖို့ နယ်စပ်ဂိတ်တွေကနေ ထိုင်းအရာရှိတွေ စောင့်ဆိုင်းနေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်