ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်တွေ ဆက်ပြီး ဆိုးရွားနေမယ်ဆိုရင် ICC တရားစီရင်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရှေ့နေချုပ် Karim Khan က သတိပေးလိုက်ပါတယ်။ အကန့်အသတ်တွေရှိပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေကို တရားစီရင်ပိုင်ခွင့်ရှိတယ်လို့လည်း Mr. Khan ကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြဖို့ တရုတ်အနေတိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်း အစွမ်းကုန်ထောက်ခံအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသလို ကျဆုံးသူလည်း ၁၈ ယောက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ကို စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီး Phumtham Wechayachai ပြောတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို စစ်တပ်၊ ရဲနဲ့လဝကအပါအဝင် ဌာနစုံပူးပေါင်းအဖွဲ့က သတင်းအရ ရှောင်တခင်စစ်ဆေးရာမှာ စစ်ဘေးရှောင်သူ ၄၀ နီးပါးအပါအဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်ရေးချိုးဖေါက်မှုတွေကျူးလွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေကို လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ဟန့်တားဖို့လိုကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Turk မနေ့ တနင်္လာနေ့ ဂျနီဗာ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီက ရှေ့လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ တွေ့ဆုံခဲ့တာပါ။
ဒီကနေ့ မနက်အစောပိုင်းက ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ဗုံးနှစ်ကြိမ် ဆက်တိုက်ကြဲချလို့ ကလေးငယ်တဦးအပါ အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ နဲ့ ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နိုဝင်ဘာလ တလအတွင်းမှာတိုက်ပွဲပေါင်း ၄၃ကြိမ်နဲ့ စစ်ကောင်စီဘက်က တပ်သား ၉၀ နီးပါးလောက်သေဆုံးခဲ့တယ်လို့ KNUဖာပွန်ခရိုင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မုံရွာကနေတဆင့် အင်အားဖြည့်ပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ မုံရွာမြို့အဝင်မှာ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့တွင်းမှာတော့ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေတဲ့ကြားမှာပဲ၊ ရာဇဝတ်မှုတချို့ရှိနေတယ်လို့လည်း ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်ကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အမ်း၊တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA ဘက်က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ရရှိသူတွေထဲ မြန်မာနိုင်ငံကလည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်