ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့မှုအတွက် ကန့်ကွက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
မြန်မာ့အရေး တရုတ်က တဘက်သတ် လွှမ်းမိုးနေတာကို လျှော့ချနိုင်ဖို့ အိန္ဒိယကလည်း ထိတွေ့ဆက်ဆံမှု ပိုတိုးလုပ်လာတယ်လို့ ဒေသတွင်းဆက်ဆံရေး စောင့်ကြည့်နေတဲ့ စင်္ကာပူအမျိုးသား တက္ကသိုလ် ပါရဂူဘွဲ့ ကျမ်းပြုသုတေသီ Angshuman Choudhury အန်ရှမန် ချောင်ဒရီက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ တဝက်လောက်အထိ ရေထဲနစ်မြှုပ်နေတဲ့ စက်လှေပေါ်ကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား ဒေသခံတွေက စနေနေ့က ကယ်တင်ခဲ့တဲ့ အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR က ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာမှာ ငါးဖမ်းသမား ၁ ယောက် သေဆုံးခဲ့ပြီး ၃၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရေတပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားပြည်နယ် စိန်မာတင်ကျွန်းနားမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ငါးဖမ်းစက်လှေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြခဲ့တာ မဟုတ်မမှန်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ အမ်းမြို့နယ်တွင်းက စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကရော ရေကြောင်းကပါ ပစ်ခတ်နေပါတယ်
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲမှာရှိတဲ့ မြန်မာစစ်ဘေး ဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ နို့ဖိုး ဒုက္ခသည်စခန်းမှာ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့ မနက် ၉ နာရီကျော်လောက်က မီးလောင်ခဲ့တာပါ။ စခန်းတွင်းက အိမ်တလုံးမှာ ဝါယာကြိုးကနေ စ လောင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ စပြီး ၃ ရက်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများညီလာခံမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားလာတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထားဆွေးနွေးကြဖို့ ရှိနေပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ ၃ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက် ၄ နာရီကျော်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် နဒီမြို့နယ်က ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံလမ်းမကြီး ကွန်ကရစ်တိုင်ပြိုကျခဲ့တာကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော်အထိ ဒဏ်ရာအပြင်းထန်ရခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ ဖလမ်း မြို့ကနေ မိုင် ၂၀ လောက်ကွာတဲ့ လုမ်သဲရွာကျန်းမာရေးဌာန ဆေးပေးခန်းကို စစ်ကောင်စီကထပ်ပြီးတော့ ဗုံးကြဲတယ်၊ အဲဒီမှာ ကျန်းမာရေးဝန်ထမ်းနှစ်ယောက်ရယ်၊ ဆေးကုသမှုခံယူနေတဲ့ အရပ်သားပြည်သူငါးယောက်ပေါ့နော်၊ အားလုံး စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တာပေါ့နော်။" (ကိုရောဘတ်-ခေါ်နူးသုမ်သတင်းအယ်ဒီတာ)
လွိုင်ကော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ခလရ ၈၀ တပ်ရင်း တခုလုံးကို တော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း တိုက်ပွဲနဲ့ မဆိုင်တဲ့ ဖယ်ခုံ မြို့နယ် ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် လသား အရွယ် ကလေးငယ် တဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်