မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ထိုင်းငါးဖမ်းစက်လှေပိုင်ရှင်ကို တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ နိုင်ငံတွင်း တရားမဝင်,ဝင်ရောက်မှုနဲ့ တနှစ် ပေါင်းထောင်ဒဏ် ၆ နှစ်၊ ဒဏ်ငွေမြန်မာကျပ်ငွေ ၂ သိန်း ချမှတ်လိုက်ကြောင်း ကော့သောင်တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေမှာ
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှုပြဿနာကြုံနေရတာကိုဖုံးဖိဖို့ စစ်ကောင်စီက သုတေသန သမားတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို ဖိအားပေးနေတယ်လို့ Reuters သတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စစ်ကောင်စီအကြီးအကဲကပြောတာကို အာရက္ခတပ်တော် AA အဖွဲ့က ပယ်ချလိုက်ပြီး "အကြမ်းဖက်မှုတွေကိုရပ်၊ လက်နက်စွန့်ပြီး ပြည်သူကိုဝန်ချတောင်းပန်ရမှာက စစ်ကောင်စီသာဖြစ်တယ်" လို့လည်း တုံ့ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တရားစွဲရှေ့နေချုပ် Karim Khan က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းမှုကို အခွင့်ကောင်းယူသင့်ကြောင်း မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစစ်ဆေးရေးမှူး Tom Andrews က ပြောပါ တယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ အခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲ ၂ ကြိမ် ကျင်းပသွားဖို့ စီစဉ်ထားပြီး အနည်းဆုံး ဆွေးနွေးပွဲ တခုမှာတော့ စစ်ကောင်စီကိုယ်စားလှယ်တွေလည်း တက်ရောက်မယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဒီသီတင်းပတ်ထဲ ဆွေးနွေးနေကြပေမယ့် ထူးခြားတဲ့ရလဒ်တော့ ထွက်မလာသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ဖို့ မူလကစီစဉ်ထားပေမဲ့ နောက်ထပ် ဆက်လက် ဆွေးနွေးဖွယ်ရှိတယ်လို့လည်း ခန့်မှန်းနေကြတာပါ။
ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေဟာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ ပြန်လည်ပါဝင်လာရေး ကြိုးပမ်းချက်ဖြစ်ကြောင်း ဒီနေ့ မလေးရှားနိုင်ငံကို ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
တရုတ်ကဆောင်ရွက်ပေးနေတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးဟာ ယာယီသဘောတူညီချက်သာဖြစ်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးလို့ မြင်တဲ့အကြောင်း တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောဆိုပါတယ်။
ကယား (ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ်တွေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရချိန် ကရင်နီတပ်သားတချို့ မူးဝေအော့အန်တဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က VOA ကိုပြောပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် နဲ့ စမွတ်စခွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က တရက်တည်း တရားမဝင်မြန်မာ ၃၀၀လောက် အဖမ်းခံရတယ်လို့ ထိုင်းလုံခြုံရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းဆိပ်ကမ်းအနီးမှာ ဆားသိပ်ထားတဲ့ ပုဇွန်ခြောက် ကီလို ဂရမ် လေးသောင်းနဲ့အတူ မြန်မာနိုင်ငံက ငါးဖမ်းလှေတစင်းကို ထိုင်းရေတပ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက် အမြန်ဆုံး ပြန်လွှတ်ပေးရေး မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa လာမယ့် ဒီဇင်ဘာ ၁၉ ရက် ကြာသာပတေးနေ့ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်