မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဆောက်အဦးတခုထဲမှာ WFP အမှတ်အသားတွေပါတဲ့ ရိက္ခာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက်လို့ လက်ရှိမှာ သွားလာရေး ခက်ခဲနေသေးတဲ့အတွက် ဒီကိစ္စကို အတည်မပြုနိုင်သေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နေ့မှာ WFP က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကမ္ဘာတလွှား ရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ လူကုန်ကူးမှု ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ကြောင်း ဒီကနေ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ဘေး ရှောင်ပြည်သူတွေနဲ့ ဒေသခံရွာသူရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့အနီး အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ လူကုန်ကူးခံရပြီး အတင်းအကြပ်ခိုင်းစေခံခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံသား ၂၇ ယောက်ကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း သီရိလင်္ကာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ခြံအမှတ် ၅၄ လေလံတင်နိုင်ရေး ဒုတိယအကြိမ် လေလံဈေး ဘီလီယံ ၃၀၀ကနေ တရားလို ဦးအောင်ဆန်းဦးဘက်က ၁၀ဘီလီယံ လျှော့ဈေးပေး ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ၂၉၀ ကို တရားရုံးဘက်က လက်မခံဘဲ ၃ဘီလီယံဘဲ လျော့ခွင့်ပေးလိုက်တာပါ။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို မလေးရှားဝန်ကြီးချုပ်ရဲ့ အာဆီယံရေးရာ ကိုယ်ရေး အကြံပေးအဖြစ် ခန့်ထားမယ့်အစီအစဉ်ဟာ မြန်မာနိုင်ငံ ပဋိပက္ခအပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေး ရှေ့တိုးဆောင်ရွက်နိုင်ဖို့ အခွင့်အရေး ဖြစ်တဲ့အကြောင်း ထိုင်း အဓိကအတိုက်အခံ ပြည်သူ့ပါတီ လွှတ်တော်အမတ် က ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအများအပြားကို အာရက္ခတပ်တော် AA အဖွဲ့က ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အများအပြား အလံဖြူထောင် လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ထပ်ထုတ်ပြန်လိုက်ပါတယ်။
နှစ်သစ်ကူး မတိုင်ခင်ကာလ ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတွေ လမ်းကြောင်းပြောင်းပြီး ပုံစံအမျိုးမျိုးနဲ့ သယ်ယူနေတဲ့အတွက် ထိုင်း မြန်မာနယ်စပ် Take နဲ့ Mae Hong Son ခရိုင်တွေမှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးချပြီး စစ်ဆေးနေပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံနေအိမ်တွေကို စစ်ကောင်စီဘက်က နေ့စဉ် မီးရှို့ဖျက်ဆီးနေတယ်လို့ အခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်လည်း ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ် ကျောက်လှေကားကျေးရွာနဲ့ နတ်ကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မကွေးတိုင်း စလင်းမြို့နယ်ထဲ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း အိမ်ခြေ ၃၀၀ နီးပါး မီးရှို့ခံရပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
“မာနယ်ပလောနဲ့တဆက်တစပ်တည်း အဲဒီစခန်းက မနေ့က KNLA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာပါ။ နှစ် ၃၀ ကျော်သူတို့တပ်စွဲထားတာပါ။ KNU ပြိုကွဲချိန်က စစ်တပ်နဲ့ DKBA ပေါင်းပြီး ထိုင်ထားတဲ့ စခန်းပေါ့။ အခုချိန်မှာတော့ ကျနော်တို့ဘက်က ထိုးစစ်ဆင်ပြီး အဲဒီစခန်းကိုပြန်သိမ်းလိုက်တာပါ။” (ပူးပေါင်းတပ်ဖွဲ့ခေါင်းဆောင်)
အာရက္ခတပ်တော် AA က လနဲ့ချီ ထိုးစစ်ဆင်နေတဲ့ အမ်းမြို့နယ်မှာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်